Connect with us

Economy

တရုတ်နိုင်ငံက လွတ်လပ်သောကုန်သွယ်မှုဇုန်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော် အသုံးပြုထား

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်ရှိ ချင်ကျိုးဆိပ်ကမ်း ကွန်တိန်နာဆိပ်ခံတံတားအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်  (FTZs) ၁၈ ခုတွင် ယခုနှစ် ပထမငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယွမ် ၆၀.၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈.၆၁ ဘီလီယံ)  အသုံးပြုထားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန (MOC) က ဇူလိုင် ၁၀ ရက်၌ ပြောကြားခဲ့သည်။ 

ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် ၁၈ ခုတွင် အလားတူကာလအတွင်း တရုတ်နိုင်ငံရှိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၁၇ ရာခိုင်နှုန်းကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး ၎င်းတို့သည် နိုင်ငံ၏မြေဧရိယာ ၀.၄ ရာခိုင်နှုန်းနီးပါးတွင် တည်ရှိကြောင်း MOC တာဝန်ရှိသူ Tang Wenhong က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

ဇန်နဝါရီလမှ မေလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယွမ် ၅၁.၈၇ ဘီလီယံကို ၂၀၁၉ ခုနှစ် ဩဂုတ်လမတိုင်မီ တည်ထောင်ထားသည့် ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် အဟောင်း ၁၂ ခုတွင် အသုံးပြုခဲ့ပြီး မနှစ်ကထက် ၁၈.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ 

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများက ကောင်းမွန်သော စီးပွားရေးဝန်းကျင်အတွက် ခိုင်မာသောအုတ်မြစ်တစ်ခုဖြစ်လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်သည်ဟု Tang က ဆိုသည်။ 

မကြာသေးမီက MOC က ကောက်ယူထားသည့်စစ်တမ်းအရ နိုင်ငံခြား အထောက်အပံ့ရှိသော စီးပွားရေးလုပ်ငန်းများက ယုံကြည်ထားသည့် ရှေ့ပြေးလွတ်လပ်သောဇုန်များ၏ အားသာချက်သုံးခုမှာ အစိုးရ၏ ထိရောက်မှုရှိသော ဝန်ဆောင်မှုများ၊ ကုန်သွယ်ရေး လွယ်ကူချောမွေ့မှုရှိခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်မှုရှိခြင်း စသည်တို့ ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံက ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ၂၀၂၀ ပြည့်နှစ် ကန့်သတ်လုပ်ငန်းစာရင်းကို ထုတ်ပြန်ခဲ့ပြီး တားမြစ်ထားသည့် စက်မှုလုပ်ငန်း အရေအတွက်ကို ၃၇ ခုမှ ၃၀ ခုသို့ လျှော့ချခဲ့ကြောင်း၊ ယင်းသည် ဇူလိုင် ၂၃ ရက်တွင် အသက်ဝင်လာမည် ဖြစ်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ပိုမိုကျယ်ပြန့်သောဈေးကွက်တစ်ခုကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ 

၂၀၁၉ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော်ကောင်စီက ခွင့်ပြုခဲ့သော ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် ၆ ခုအား ဆန်းတုန်းပြည်နယ်၊ ကျန်းဆူးပြည်နယ်၊ ကွမ်ရှီးပြည်နယ်၊ ဟဲပေပြည်နယ်၊ ယူနန်ပြည်နယ်နှင့် ဟေးလုံကျန်း စသော ပြည်နယ်များ၌ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံအတွင်းရှိ ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် အရေအတွက်မှာလည်း ၁၈ ခုအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.