Connect with us

Economy

တရုတ်နိုင်ငံတွင် မြေအောက်အနက်ဆုံး ရထားဘူတာရုံ တည်ဆောက်နေ

တရုတ်နိုင်ငံရှိ မြေအောက်ဘူတာရုံ တစ်ရုံအား တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းမြို့တွင် မြေအောက်အနက် ၉၄ မီတာကျော် (၃၁ ထပ် အဆောက်အဦနှင့် ညီမျှသော) တွင် မြေအောက်ဘူတာရုံ တစ်ရုံ တိုးချဲ့တည်ဆောက်မည် ဖြစ်ပြီး ယင်းသည် တရုတ်နိုင်ငံ၏ မြေအောက်အနက်ဆုံး ရထားဘူတာ ဖြစ်လာမည် ဖြစ်သည်။

မြေအောက်အနက် မီတာ ၆၀ တွင် တည်ဆောက်ထားသည့် Hongtudi ဘူတာအား လွန်ခဲ့သည့်နှစ်များက ရထားလိုင်း Line 6 ဖြင့် ချိတ်ဆက်ထားပြီး မြေအောက်အနက်ဆုံး ဘူတာအဖြစ် ရပ်တည်ခဲ့သည်။ ယခုတွင် အဆိုပါ ဘူတာအား Line 10 ဖြင့် ချိတ်ဆက်ကာ မြေအောက်အနက်ကိုလည်း တိုးချဲ့သွားမည် ဖြစ်ပြီး ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ချုံချင်းမြို့ကို တောင်တန်းမြို့ဟု လူသိများကြသည်။ တောင်ထူထပ်သည့် နယ်မြေ အနေအထား၊ လေကြောင်း အကာအကွယ်နေရာများနှင့် လမ်းနံဘေး အဆောက်အအုံများ ပျက်စီးမည့်အရေးမှ ရှောင်ရှားနိုင်ရန် ဘူတာရုံများအား မြေအောက်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။လက်ရှိတွင် ခရီးသွားများသည် ရထားလိုင်း Line 6 ၏ ပလက်ဖောင်းမှ လမ်းမသို့ ရောက်ရှိရန် ဓာတ်လှေကားများ အသုံးပြုပြီး သွားပါက အချိန် သုံးမိနစ်ကျော် ကြာမည်ဖြစ်ပြီး ခြေလျင်သွားပါက လှေကားထစ်ပေါင်း ၃၅၄ လှမ်းသွားရမည် ဖြစ်သည်။

ဘူတာရုံအား အဆင့်မြှင့်ပြီးပါက ဘူတာတွင် လက်ရှိအသုံးပြုနေသည့် ဓာတ်လှေကား အရေအတွက် ၃၂ စင်းမှ ၉၁ စင်းသို့ တိုးမြှင့်ရမည် ဖြစ်သည်။မကြားသေးမီနှစ်များအတွင်း ချုံချင်းမြို့တွင် မော်တော်ယာဉ်များ များပြားလာကာ ကားလမ်း ပိတ်ဆို့မှုများ မြင့်တက်လာသည့်အတွက် မြေအောက်ရထားလမ်းစနစ်များကို အရှိန်မြှင့်ကာ တည်ဆောက်လာခဲ့သည်။ချုံချင်းကဲ့သို့ပင် တရုတ်နိုင်ငံရှိ မြို့များစွာ၌ ရထားလမ်း စနစ် ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေး လုပ်ဆောင်လျက်ရှိသည်။ အမျိုးသား စာရင်းအင်း ဗျူရို၏ အချက်အလက်များအရ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်ရှိ မြို့ပေါင်း ၃၀အား ဖြတ်သန်းသွားလာနေသော မြို့ပြ ရထားလမ်းကွန်ရက်မှာ ၄,၁၅၃ ကီလိုမီတာ ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.