Connect with us

Economy

E-commerce ပိုမို ပူးပေါင်းဆောင်ရွက်ရန် BRICS ကုန်သွယ်ရေးဝန်ကြီးများ ဆွေးနွေး

ခြောက်ကြိမ်မြောက် BRICS ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

BRICS ကုန်သွယ်ရေးဝန်ကြီးများသည် လာမည့် နှစ်ပတ်လည် အစည်းအဝေးတွင် E-commerce ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဋ္ဌာနက ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက၏ ၇ ကြိမ်မြောက် ကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးအား တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ သြဂုတ်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ကျင်းပမည် ဖြစ်သည်။

ထောက်ပံ့သယ်ပို့နှင့် ငွေပေးချေမှုများ စသည့် နယ်ပယ်များ၌ E-commerce ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင် ငါးနိုင်ငံများအကြား လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး ၎င်းတို့၏ ထုတ်ကုန်များမှာလည်း တရုတ်နိုင်ငံ ဈေးကွက်သို့ နေရာရရှိနေပြီ ဖြစ်ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဋ္ဌာန နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စီးပွားရေးရာဋ္ဌာန ညွှန်ကြားရေးမှူး ကျန်းရှောင်ကန်က ပြောသည်။

တစ်ချိန်တည်းမှာပင် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပထမဆုံးအကြိမ်အဖြစ် အစည်းအဝေး အစီအစဉ်၌ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ပထမနှစ်ဝက်အတွင်း BRICS အဖွဲ့ဝင်နိုင်ငံများမှ တရုတ်သို့ တင်ပို့သည့် ကုန်စည်များမှာ အမေရိကန်ဒေါ်လာ ၇၀.၁၆ ဘီလီယံကျော်ရှိကြောင်း ယခင်နှစ် အလားတူကာလထက် ၃၃.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဋ္ဌာန စာရင်းအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.