Connect with us

Economy

တရုတ်နိုင်ငံနှင့် အာဆီယံအကြား ပို့ဆောင်ရေးနှင့်  ထောက်ပံ့သယ်ပို့ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်ကျိုးမြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ကွန်တိန်နာများအား ပို့ဆောင်ရန် ထရပ်ကားများ စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) တို့ ပို့ဆောင်ရေး နှင့် ထောက်ပံသယ်ပို့ရေးလုပ်ငန်းများ လွယ်ကူစွာ စီးဆင်းနိုင်မှုကို ထိန်းသိမ်းရန် နှင့် ကမ္ဘာ့ စက်မှုလုပ်ငန်းဆိုင်ရာနှင့် ကုန်ပစ္စည်းထောက်ပံ့ရေးများ တည်ငြိမ်မှုရှိရန် အားကောင်းစွာ ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း သယ်ယူပို့ဆောင် ရေးဝန်ကြီးဌာန ဝန်ကြီး လီရှောက်ဖုန်က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကပ်ရောဂါ ဖြစ်ပွားစဉ်အတွင်း နိုင်ငံတကာသို့ ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အာမခံချက်ရှိစေရန် နိုင်ငံတကာ ထောက်ပံ့သယ်ပို့ရေးလုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်မှု အများအပြား လုပ်ဆောင်ခဲ့သည်ဟု COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပို့ဆောင်ရေးဝန်ကြီးများ၏ ဗီဒီယိုဆွေးနွေးပွဲတစ်ခုတွင် လီက ပြောခဲ့သည်။

ပို့ဆောင်ရေးနှင့် ထောက်ပံ့သယ်ပို့ရေးလုပ်ငန်းများတွင်  ပိုမို ခံနိုင်ရည်ပြည့်ဝပြီး ရေရှည်တည်တံ့သောစနစ် တစ်ခု ပူးပေါင်းတည်ဆောက်မှုများအား အရှိန်မြှင့်စဉ်တွင် ဒေသတွင်းနိုင်ငံများအနေဖြင့် နယ်စပ်ဖြတ်ကျော် ဗိုင်းရပ်စ်ပျံ့နှံမှုကို ထိန်းချုပ်ရန် ထိရောက်သည့် ဆောင်ရွက်မှုများ လုပ်ဆောင်သင့်ကြောင်းလည်း လီက ဆိုသည်။

ထို့ပြင် ၎င်းက နိုင်ငံများအားလုံးအား အခြေအနေသစ်အောက်တွင်  တီထွင်ဆန်းသစ်မှု အားကောင်းရန်၊ သစ်လွင်သောတိုးတက်မှုနယ်ပယ်များ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို တည်ငြိမ်စွာ ထိန်းသိမ်းရန် တိုက်တွန်းပြောကြားခဲ့သည်။   (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.