Economy
တရုတ်နိုင်ငံ၏စီးပွားရေးသည် ရေအိုင်ငယ်တစ်ခုမဟုတ်ဘဲ ပင်လယ်ကြီးတစ်ခုဖြစ်ကြောင်း သမ္မတရှီ ပြောကြား
ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စီးပွားရေးသည် ရေအိုင်ငယ်တစ်ခုမဟုတ်ဘဲ ပင်လယ်ကြီးတစ်ခုဖြစ်ကြောင်း နှင့် မုန်တိုင်းသည် ရေအိုင်ငယ်တစ်ခုကိုသာ ပြောင်းပြန်ဖြစ်အောင် လုပ်နိုင်စွမ်းရှိသော်လည်း ပင်လယ်ကြီးတစ်ခုကို ဘယ်သောအခါမှ လုပ်နိုင်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က ယနေ့နိုဝင်ဘာ ၅ ရက်တွင်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသော ပထမအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် သမ္မတရှီက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။(Xinhua)