Connect with us

Economy

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်လှစ်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြခန်းစင်တာနှင့် အနီးဝန်းကျင်ရှိ အဆောက်အဦများကို ဝေဟင်မှတစ်ဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းတွင် ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ရပ်ဝန်းနှင့် ပိုးလမ်းတည်ဆောက်ခြင်း၊ ဒီဂျစ်တယ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိသော ယခုနှစ် ကုန်စည်ပြပွဲသည် ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခုကို အားပေးမြှင့်တင်ရန်အတွက် ကုန်သွယ်ရေး၊ ဒီဂျစ်တယ်စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေးနှင့် အခြားသောနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြခန်းစင်တာနှင့် အနီးဝန်းကျင်ရှိ အဆောက်အဦများကို ဝေဟင်မှတစ်ဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြခန်းစင်တာနှင့် အနီးဝန်းကျင်ရှိ အဆောက်အဦများကို ဝေဟင်မှတစ်ဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြခန်းစင်တာနှင့် အနီးဝန်းကျင်ရှိ အဆောက်အဦများကို ဝေဟင်မှတစ်ဆင့် မြင်တွေ့ရစဉ် (ဆင်ဟွာ)
ပြခန်းဧရိယာ စတုရန်း မီတာ ၁၀၄,၀၀၀ ရှိသော ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း ၅,၄၀၀ ရှိကြောင်း သိရသည်။ လေးရက်ကြာ ကျင်းပမည့် အဆိုပါ ကုန်စည်ပြပွဲသို့ ပြည်တွင်းနှင့် ပြည်ပမှ စီးပွားရေးလုပ်ငန်း ၁,၅၀၀ ကျော်လည်း အွန်လိုင်းမှ ဝင်ရောက်ပြသကြမည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူက ပြောခဲ့သည်။

ပြပွဲ၌ အဆင့်မြင့် ဖိုရမ် ၁၁ ခု၊ စီးပွားရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေးလှုပ်ရှားမှု ၁၆၀ ကျော် ပါဝင်မည် ဖြစ်သည်။

၂၀၀၄ ခုနှစ်က စတင်ပြီး နှစ်စဉ် ကျင်းပခဲ့သော ယင်းကုန်စည်ပြပွဲသည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကြား ကုန်သွယ်မှု မြှင့်တင်ခြင်းနှင့် နှစ်ဘက် ဆက်ဆံရေးအတွက် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.