Connect with us

Economy

တရုတ်နိုင်ငံ သမ္မတ ရှီ ကနေဒါ နှင့် သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ကနေဒါ နိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရီဒဲလ်တို့ တူရကီနိုင်ငံ အန်တယ်ရာမြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ တူရကီ နိုင်ငံ ခရီးစဉ်အတွင်း ကနေဒါ နိုင်ငံ ဝန်ကြီးချုပ်နှင့် သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ်တို့ကိုလည်း သီးခြားတွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂ၊ G20 နှင့် အေပက် (APEC) မူဘောင်များ အတွင်း နက်ရှိုင်းစွား ပူးပေါင်း ဆောင်ရွက်ကြရန် နှင့် ဖလှယ်ကြရန် ခေါင်းဆောင်များက သဘောတူခဲ့ကြောင်း သိရသည်။

ကနေဒါ နိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရီဒဲလ်နှင့် တွေ့ဆုံစဉ်တွင် တရုန်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ် နိုင်ငံ နှင့် ကနေဒါ နိုင်ငံတို့သည် ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်ခြင်း၊ နှစ်ဦးနှစ်ဘက် ယုံကြည်မှု တိုးမြှင့်ခြင်းနှင့် တည်ငြိမ် အောင်မြင်သော မိတ်ဖက် မဟာ ဗျူဟာ ပူးပေါင်း ဆောင်ရွက် ခြင်းများအား ကာလရှည် ပိုမို လုပ်ဆောင်နိုင်ရန် ဆွေးနွေးခဲ့သည်။ ထို့ပြင် ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွား လုပ်ငန်းများတွင်လည်း ပူးပေါင်း ဆောင်ရွက်ရန် သဘောတူခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ကြွယ်ဝ ချမ်းသာမှုများ၌ ပူးတွဲ လုပ်ဆောင်ကြရန် ဆန္ဒရှိကြောင်း ရှီက ဖြည့်စွက် ပြောကြားခဲ့သည်။

ထရီဒဲလ်ကလည်း သမ္မတရှီနှင့် အတူ အဆင့်မြင့် ခေါင်းဆောင်များ၏ ခရီးစဉ်များ ဖလှယ်ရေး အဆင့် မြှင့်တင်ရန် သဘောတူခဲ့သည်။ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများအား ကြိုဆိုခဲ့သလို ရာသီဥတု ပြောင်းလဲခြင်း အပါအဝင် ကမ္ဘာ့ ရေးရာများ၌ ညှိနှိုင်း လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ်နှင့် တွေ့ဆုံရာတွင် သမ္မတ ရှီက တရုတ်- သြစတြေး လျ လွတ်လပ်သော ကုန်သွယ်ဒေသအား အစောဆုံး အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့သည်။ တရုတ် ကုမ္ပဏီများအား သြစတြေးလျနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ ကြရန် ၎င်းအနေဖြင့် တွန်းအား ပေးသွားမည် ဖြစ်သလို သြစတြေးလျနိုင်ငံ မှလည်း တရုတ် နိုင်ငံမှ လုပ်ငန်းများအတွက် မျှတသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းများ ထောက်ပံ့ ပေးနိုင်ပါရန်လည်း ရှီက တိုက်တွန်း လိုက်သည်။

နှစ်နိုင်ငံလုံး အနေဖြင့် အမျိုးသား ကာကွယ်ရေး၊ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး၊ ပညာရေးနှင့် ခရီးသွား လုပ်ငန်းများတွင် ပိုမို ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း သြစတြေးလျနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် နိုင်ငံရေး၊ စီးပွားရေးများအား နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သလို တရုတ် နိုင်ငံ၏ ၁၃ ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်းမှ တဆင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အတွက် အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာနိုင်မည် ဖြစ်ကြောင်း တန်ဘူးလ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.