Connect with us

Economy

၂၀၁၆ ခုနှစ် G20 ထိပ်သီး အစည်းအဝေးအား တရုတ်နိုင်ငံက စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်မှာ ဟန်ကျိုးတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တူရကီ နိုင်ငံ အန်တယ်ရာ မြို့တွင် ကျင်းပသည့် G-20 အစည်းအဝေး တက်ရောက်စဉ် (ဆင်ဟွာ)

အန်တယ်ရာ၊ တူရကီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ် G20 ထိပ်သီး အစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ပြီး အနောက် သဘာဝ ရေအိုင်ဟု တင်စား ခေါ်ဝေါ်ခြင်း ခံရသည့် ဟန်ကျိုးမြို့ အရှေ့ပိုင်းတွင် ၂၀၁၆ ခုနှစ်၏ စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်တို့တွင် ပြုလုပ်မည်ဟု သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ကြေညာလိုက် ပါသည်။

“ဆန်းသစ်ပြီး အချင်းချင်း ဆက်သွယ်ခြင်းဖြင့် သီးသန့် ကမ္ဘာ့စီးပွားရေးအား တည်ဆောက်ကြစို့” ဟူသော ဆောင်ပုဒ်အား ရှီက တူရကီ အပန်းဖြေမြို့တွင် ကျင်းပနေသည့် ၁၀ ကြိမ်မြောက် G20 ထိပ်သီး အစည်းအဝေး နေ့လည်စာ စားပွဲတွင် ပြောကြားလိုက်သည်။

“အဓိက စီးပွားရေးရဲ့ ဦးတည်ချက်နှင့် မူဝါဒများဟာ အမျိုးမျိုး ကွဲပြားစွာ ပေါ်ထွက်လာပြီ၊ ကျွန်တော်တို့ဟာ ကမ္ဘာ့စီးပွားရေးရဲ့ ကြီးထွားမှု နယ်ပယ်သစ် အတွက် အရေးကြီးတဲ့ တွန်းအားများ ဖြစ်ပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။

သမ္မတ ရှီကပင် တရုတ်နိုင်ငံ အနေဖြင့် ပြင်ဆင်ရေး အပိုင်းတွင် ပွင့်လင်းမြင်သာမှု သဘောထားများ နှင့်အတူ G20 အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်သွယ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ပြီး ခိုင်မာသော နည်းလမ်းများဖြင့် ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်းနှင့် ဖွံ့ဖြိုးခြင်းများအား ပူးတွဲ လုပ်ဆောင်ကြမည် ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံသည် G20 ဥက္ကဋ္ဌ နေရာအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် လွှဲပြောင်းယူမည် ဖြစ်ပြီး ဆက်စပ် အစည်းအဝေးများအား လာမည့်နှစ် အတွင်း ကျင်းပသွားရန် ရှိကြောင်း G20 ရေးရာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၏ အထူးသံတမန် ဝမ်ရှောက်လုံ ကပြောသည်။

အမေရိကန် သမ္မတ ဘားရတ် အိုဘားမား ကလည်း တရုတ်နိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် အပေါ် ထောက်ခံ ပြောကြားခဲ့သလို ဟန်ကျိုး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် အကြောင်းလည်း ပြောကြား လိုက်သည်။

G20 အစည်းအဝေးအား အာရှ ငွေကြေး အကျပ်အတည်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ် အရာရှိများက ၁၉၉၉ ခုနှစ်တွင် စတင် စုဝေး ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင်များတွင် ဥရောပ သမဂ္ဂမှ နိုင်ငံပေါင်း ၁၉ နိုင်ငံ ပါဝင်သည်။ G20 အစည်းအဝေးတွင် ကမ္ဘာ့ စီးပွားရေးနှင့် ငွေကြေး ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး အဖြေရှာကြသည်။
Euro 2016 အား ဇွန်လ ၁၀ ရက်မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117