Connect with us

Economy

တရုတ် နိုင်ငံနှင့် ထိုင်း နိုင်ငံ ရထားလမ်း စီမံကိန်း ဆိုင်ရာ နှစ်နိုင်ငံ အစိုးရ အချင်းချင်း စာချုပ်အား လက်မှတ် ရေးထိုး

တရုတ် နိုင်ငံ အမျိုးသား တိုးတက် ဖွံ့ဖြိုးရေးနှင့် ပြန်လည် ပြုပြင်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဝမ်းရှောင်ထောင်းနှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီး Arkhom Termpittayyapaisith တို့အား တရုတ်-ထိုင်း ရထားလမ်း ပူးပေါင်း ဆောင်ရွက်ရေး ဖက်စပ် ကော်မရှင် ဆိုင်ရာ အစည်းအဝေး၌ တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့သည် ရထားလမ်း စီမံကိန်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံ အစိုးရ အချင်းချင်း မူဘောင် စာချုပ်အား ဒီဇင်ဘာလ ၃ ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်းနှင့် အဆိုပါ စာချုပ်တွင် ရထားလမ်း စီမံကိန်း ရှေ့ဆက် လုပ်ဆောင်နိုင်ရန် အရေးကြီးသည့် အခြေခံ အချက်အလက်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အရှည် ၈၆၇ ကီလိုမီတာ ရှိပြီး အလယ်အလတ် အမြန်နှုန်းရှိသည့် ထိုင်းနိုင်ငံတွင်း နှစ်နိုင်ငံ ပူးပေါင်း ဖောက်လုပ်မည့် ရထားလမ်း စီမံကိန်းဆိုင်ရာ စာချုပ်အား ထိုင်နိုင်ငံ ပို့ဆောင်ရေး ဝန်ကြီး Arkhom Termpittayyapaisith နှင့် တရုတ် အမျိုးသား တိုးတက် ဖွံ့ဖြိုး ရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဝမ်းရှောင်ထောင်း တို့ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။

လက်မှတ် ရေးထိုးခြင်း အခမ်းအနားအား ကိုးကြိမ်မြောက် တရုတ်-ထိုင်း ရထားလမ်း ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲ ကော်မတီ ဆိုင်ရာ အစည်းအဝေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တရုတ် အမျိုးသား ကောက်ပဲသီးနှံ၊ ဆီနှင့် စားသောက်ကုန် ကော်ပိုရေးရှင်း နှင့် ထိုင်းနိုင်ငံ စီးပွားရေး ဝန်ကြီးဋ္ဌာန၏ နိုင်ငံခြား ကုန်သွယ်ရေး ဋ္ဌာန တို့သည် တရုတ် နိုင်ငံ စီးပွားရေးုလုပ်ငန်း က ထိုင်းနိုင်ငံမှ အသစ် ရိတ်သိမ်းထားသော ဆန် တန်ချိန် ၁ သန်း ဝယ်ယူမှု ဆိုင်ရာ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ ၏ Sinochem ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ ရော်ဘာ အာဏာပိုင် တို့သည် ထိုင်းနိုင်ငံ က တရုတ် နိုင်ငံ စီးပွားရေးလုပ်ငန်း သို့ ရော်ဘာရိုင်း တန်ချိန် ၂၀၀,၀၀၀ ရောင်းချမည့် သဘောတူညီမှုဆိုင်ရာ စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.