Connect with us

Economy

တရုတ်-အာဆီယံ ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဖွင့်လှစ်

၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နန်နင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းတွင် စက်တင်ဘာလ ၂၁ ရက်က စတင်ကျင်းပခဲ့ပြီး ထိုကုန်စည်ပြပွဲက တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ (ASEAN) ၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်တွင် ပါဝင်သည့်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအား မီးမောင်းထိုးပြနေကြောင်း သိရသည်။

“ရပ်ဝန်းနှင့် ပိုးလမ်း တည်ဆောက်ခြင်း၊ ကံကြမ္မာအကျိုးတူ အသိုက်အဝန်းအတွက် ကျွန်ုပ်တို့၏ မျှော်မှန်းချက်အား နားလည်သဘောပေါက်ခြင်း” ဟူသော ရည်မှန်းချက်ဖြင့် ကျင်းပသော ယခုနှစ်၏ ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံနှင့် အာဆီယံအား ပြခန်းများ၊ ဖိုရမ်များနှင့် လုပ်ဆောင်မှုများမှတစ်ဆင့် အဆင့်သစ်ဆီသို့ အားလုံးပါဝင်ပြီး ချစ်ခင်ရင်းနှီးမှုရှိသည့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည် ဖြစ်သည်။

အဆိုပါ ပြပွဲတွင် စီးပွားရေးလုပ်ငန်း ၂,၈၄၈ ခုက ၎င်းတို့၏ ထုတ်ကုန်များပြသခြင်းနှင့်အတူ ပြပွဲသို့ တက်ရောက်ရောက်မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ပြုလုပ်သည့် ပြပွဲကထက် ၂ ဒသမ ၄ ရာခိုင်နှုန်း များလာခဲ့ကြောင်း၊ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းများတွင် စက်မှုလုပ်ငန်း ခေါင်းဆောင်များ၊ Fortune 500 စာရင်းဝင်ကုမ္ပဏီများနှင့် ထင်ရှားသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ကျန်ရှိနေပြီး နှစ်ဘက် ကုန်သွယ်မှုမှာ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ၅၈၇ ဒသမ ၈ ဘီလီယံအထိ တိုးလာခဲ့သည်။ ယခုနှစ်ပထမနှစ်ဝက်တွင် နှစ်ဘက် သွင်းကုန်နှင့် ပို့ကုန် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၉၁ ဒသမ ၈၅ ဘီလီယံ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးလာကာ အာဆီယံက တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.