Connect with us

Economy

တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံ တန်ဖိုးရှိ စာချုပ် စာတမ်း ထပ်မံ ချုပ်ဆို

အိန္ဒိယ နိုင်ငံ ဝန်ကြီး ချုပ် နာရန်ဒရာမိုဒီ (Narendra Modi) အား ရှန်ဟိုင်း မြို့ တွင်ကျင်းပသော တရုတ်-အိန္ဒိယ စီးပွားရေး ဖိုရမ် တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ မေ ၁၇ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ သို့ လာရောက် လည်ပတ် သော အိန္ဒိယ နိုင်ငံ ဝန်ကြီး ချုပ် နာရန်ဒရာမိုဒီ (Narendra Modi) သည် လည်ပတ်ရေး နောက်ဆုံး ခရီးစဉ် အဖြစ် ရှန်ဟိုင်း မြို့တွင် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ အကြား အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံ တန်ဖိုးရှိ လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု စာချုပ် ချုပ်ဆိုခြင်း အခမ်းအနား ကို တက်ရောက် ခဲ့သည်။

တရုတ် နိုင်ငံ အြပည်ပြည် ဆိုင်ရာ ကုန်သွယ်မှု တိုးတက်ရေး ကော်မတီ နှင့် တရုတ် နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံရုံး တို့မှ ပူးပေါင်း ကျင်းပ သော တရုတ်-အိန္ဒိယ စီးပွားရေး ဖိုရမ် တွင် တရုတ်-အိန္ဒိယ နှစ် နိုင်ငံ မှ စာချုပ် ပေါင်း အခု ၂၀ ကျော် ချုပ်ဆိုခဲ့ပြီး စုစုပေါင်း တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံ ရှိသည်။ ပူးပေါင်း ဆောင်ရွက်မှု များ တွင် စွမ်းအင် ၊ ကုန်သွယ်မှု ၊ ဘဏ္ဍာရေး နှင့် စက်မှုဇုံ စသည့် ကဏ္ဍ တို့ပါဝင်သည်။
အိန္ဒိယ နိုင်ငံ ဝန်ကြီး ချုပ် နာရန်ဒရာမိုဒီ မှ မိန့်ခွန်း ပြောကြားရာတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အားဖြင့် အိန္ဒိယ-တရုတ် နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တွန်းအား ပေးနိုင်မည် ဖြစ်ကြောင်း ၊ အိန္ဒိယ နိုင်ငံ အနေဖြင့် နိုင်ငံရေးမူဝါဒ များ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ် သွားမည် ဖြစ်ပြီး အိန္ဒိယ နိုင်ငံ သို့ လာရောက် ရင်းနှီး လုပ်ကိုင် သော တရုတ် စီးပွားရေး လုပ်ငန်းများ အတွက် ပိုမို အဆင်ပြေ သော ပတ်ဝန်းကျင် တစ်ခု ဖန်တီး ပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ တွင် တရုတ် နိုင်ငံ တော် သမ္မတ ရှီကျင့်ဖိန် မှ အိန္ဒိယ သို့ သွားရောက် လည်ပတ် ခဲ့စဉ် တွင် လည်း ရှန်ဟိုင်း နှင့် အိန္ဒိယ နိုင်ငံ ၏ အကြီးဆုံး မြို့ ဖြစ်သည့် မွန်ဘိုင်း(Mumbai) အနေဖြင့် ချစ်ကြည်ရေးမြို့ တည်ဆောက် ရေး စာချုပ်များ ချုပ်ဆိုခဲ့သည်။
အိန္ဒိယ နိုင်ငံ ဝန်ကြီး ချုပ် နာရန်ဒရာမိုဒီ သည် မေလ ၁၄ ရက်နေ့ တွင် တရုတ် နိုင်ငံ သို့ ချစ်ကြည်ရေး ခရီးစဉ် စတင်ခဲ့ပြီး မေလ ၁၆ ရက်နေ့တွင် တရုတ် နိုင်ငံ မှ ပြန်လည် ထွက်ခွာ သွားခဲ့သည်။ နာရန်ဒရာမိုဒီသည် ၎င်း၏ ဝန်ကြီးချုပ် သက်တမ်း တွင် ပထမ ဆုံး အကြိမ် တရုတ် နိုင်ငံ သို့ လည်ပတ်ရေး ခရီးစဉ် ပြီးဆုံးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.