Connect with us

Economy

ဟိုင်နန်လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းတွင် အရေးပါသော စက်မှုဥယျာဉ်များ ထုတ်ဖော်ပြသ

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းရှိ စက်မှုဥယျာဉ်များ မိတ်ဆက်ခြင်းအခမ်းအနားကို ဇွန် ၃ ရက်က ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဟိုင်ခို၊ ဇွန် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်ရှိ ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်မှု မြှင့်တင်ရေး အားထုတ်ကြိုးပမ်းမှုတွင် အရေးပါသော စက်မှုဥယျာဉ်များကို ဇွန် ၃ ရက်က ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

ဟိုင်နန်ကျွန်းအတွင်း ခရီးသွားလုပ်ငန်း၊ ခေတ်မီဝန်ဆောင်မှုများနှင့် အဆင့်မြင့်နည်းပညာများ အပါအဝင် အဓိကနယ်ပယ်သုံးခုကို လွှမ်းခြုံထားသည့် အဓိကကျသော စက်မှုဥယျာဉ် ၁၁ ခုပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်မှုဥယျာဉ်များသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများ ပုံဖော်ရန်၊ စမ်းသပ်မှုများ၊ တီထွင်ဆန်းသစ်မှုများနှင့် ပြုပြင်ပြောင်းလဲမှု နယ်ပယ်များနှင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒအတွက် ကုန်းပြင်မြင့်သစ်တစ်ခုကို ရှေ့ပြေးလုပ်ဆောင်ရန် အရေးကြီးသော နယ်မြေများဖြစ်ကြောင်း ဟိုင်နန်ပြည်နယ်ဆိုင်ရာ ပါတီအကြီးအကဲ Liu Cigui က ပြောကြားခဲ့သည်။

အရေးပါသော စက်မှုဥယျာဉ်များသည် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း တည်ဆောက်ရေးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သွားမည်ဟု မျှော်လင့်ထားကြောင်း Liu က ပြောခဲ့သည်။ 

တရုတ်နိုင်ငံက ရာစုနှစ်အလယ်တွင် ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံမှုရှိသော အဆင့်မြင့် လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ရည်ရွယ်ပြီး ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုစီမံကိန်းကို ဇွန် ၁ ရက် ထုတ်ပြန်ခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.