Connect with us

Economy

အလီဘာဘာ၏ ဝင်ငွေ အလျင်အမြန် တိုးတက်လာခဲ့ကြောင်း ထုတ်ပြန်

အလီဘာဘာ ကုမ္ပဏီ ဥက္ကဋ္ဌ ဂျက်မာအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ e-commerce လုပ်ငန်းကြီး အလီဘာဘာသည် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်၏ စတုတ္ထ သုံးလပတ်အတွင်း ဝင်ငွေ ၃၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း မေလ ၅ ရက် ညပိုင်းက ကြေညာခဲ့သည်။

ဝင်ငွေ ယွမ် ၂၄.၂ ဘီလီယံ (အမေရိကန် ၃.၇ ဘီလီယံ) ဖြင့် ဈေးကွက် ထိပ်ဆုံး၌ ရပ်တည်ခဲ့ပြီး အလီဘာဘာ ၏ အစုရှယ်ယာများမှာလည်း နယူးယောက် EDT ၌ နံနက် ၁၁း၄၀ နာရီ ဝန်းကျင်တွင် လေးဆခန့် တက်လာကာ အမေရိကန် ဒေါ်လာ ၇၉ ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်၏ ပထမ သုံးလပတ်များ၏ ဝင်ငွေများမှာ ၂၈ ရာခိုင်နှုန်း၊ ၃၂ ရာခိုင်နှုန်း နှင့် ၃၂ ရာခိုင် နှုန်း စသဖြင့် အသီးသီး မြင့်တက်လာခဲ့သည်။

ဘဏ္ဍာနှစ်၏ စတုတ္ထ သုံးလပတ်တွင် အသားတင် ဝင်ငွေမှာ ယွမ် ၅.၃ ဘီလီယံ ရှိခဲ့ပြီး မနှစ်ကထက် ၈၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

ဇန်နဝါရီလမှ မတ်လ အထိ အလီဘာဘာ အရောင်းဆိုင်များ ၂၄ ရာခိုင်နှုန်း များလာခဲ့ပြီး ဝင်ငွေ ယွမ် ၇၄၂ ဘီလီယံ ရရှိခဲ့သည်။

အလီဘာဘာသည် တရုတ်နိုင်ငံ ဟန်ကျိုး အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက နယူးယောက် စတော့ခ် အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီ ဖြစ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.