Connect with us

Economy

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် Disney ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် အား လက်ခံတွေ့ဆုံ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် Disney ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Bob Iger တို့ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေး နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်-တရုတ် စီးပွားရေးကောင်စီ (USCBC) ဒုတိယ ဥက္ကဋ္ဌ နှင့် Disney ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Bob Iger အား ပေကျင်းမြို့တွင် မေလ ၅ ရက်က လက်ခံ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-အမေရိကန် နှစ်နိုင်ငံကြား ကဏ္ဍများစွာတွင် ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် လက်တွေ့ကျကျ နက်နက်နဲနဲ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို အပြန်အလှန် ထိန်းသိမ်းသွားရန် တိုက်တွန်း ပြောကြားခဲ့သည်။ ထို့ပြင် သမ္မတရှီက တရုတ်နိုင်ငံနှင့် စီးပွားရေး တိုးမြှင့် ဆက်ဆံရန် ကြိုးပမ်း အားထုတ်ခဲ့သည့် USCBC နှင့် Walt Disney လုပ်ငန်းစုအား ချီးကျူးစကား ဆိုခဲ့သည်။
တရုတ်နိုင်ငံသည် တံခါးဖွင့် စီးပွားရေးကို တွန်းအားပေး လုပ်ဆောင်သွားမှာ ဖြစ်သလို တိုးတက်သော စီးပွားရေး ပုံစံသစ် တည်ဆောက်ရေး ပြုပြင်ပြောင်းမှုများ လုပ်ဆောင်သွားမည်ဟု သမ္မတရှီက ဆိုသည်။ “ တရုတ်နိုင်ငံနဲ့အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်တဲ့နေရာမှာ တစ်ဦးချင်း ဖြစ်စေ ၊ အဖွဲ့လိုက်ဖြစ်စေ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် အဆင်ပြေပြေ ချောချောမောမော ဖြစ်အောင် တရုတ်နိုင်ငံက စီမံ ဆောင်ရွက်ပေးမှာပါ” ဟု ရှီက ဖြည့်စွက် ပြောကြားသည်။
ထို့ပြင် တရုတ်-အမေရိကန် စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် အလွန် အရေးကြီးကြောင်း ရှီက ထပ်မံ ပြောကြားခဲ့သည်။
Disney အမှုဆောင် အရာရှိချုပ် Iger က အမေရိကန်-တရုတ် ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်းကို အသိအမှတ်ပြုခဲ့ပြီး နှစ်နိုင်ငံ အကျိုးအမြတ် နှင့် အပြန်အလှန် လေးစားယုံကြည်မှုပေါ် အခြေခံပြီး စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
Disney သည် အမေရိကန်-တရုတ် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်တွင် အရေးပါသည့် နေရာတွင် ရှိနေသည်။ မကြာခင် ဖွင့်လှစ်မည့် ရှန်ဟိုင်း Diseny Resort တွင် တရုတ်နိုင်ငံသား ဧည့်သည်များအတွက် အကောင်းဆုံး ဝန်ဆောင်မှု ၊ စံချိန်စံညွှန်း နှင့် လုံခြုံ စိတ်ချမှုရှိအောင် တည်ဆောက်ပေးသွားမည်ဟု Iger က ဆိုသည်။ ရှန်ဟိုင်း Disney Resort သည် တရုတ်ပြည်မ ပေါ်တွင် Disney ၏ ပထမဆုံး ကစားကွင်းဖြစ်ပြီး ရှန်ဟိုင်း အထူးစီးပွားရေးဇုန် Pudong ၌ တည်ရှိကြောင်းနှင့် ၎င်းကစားကွင်းကို ဇွန်လ ၁၆ ရက်တွင် ဖွင့်လှစ်သွားရန် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.