Connect with us

Economy

အီးယူ က တရုတ် နိုင်ငံ နှင့် ပူးပေါင်းကာ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ကို တိုက်ဖျက်မည် ဟုဆို

အီးယူ ကုန်သွယ်ရေး ကော်မတီ အဖွဲ့ဝင် Cecilia Malmström အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဥရောပ နိုင်ငံ များ သမဂ္ဂ (အီးယူ) ကောင်မတီ ၏ ကုန်သွယ်ရေး ပိုင်းကို တာဝန်ယူသည့် ကော်မတီ အဖွဲ့ဝင် Cecilia Malmström က အီးယူ အနေဖြင့် တရုတ် နိုင်ငံ နှင့် ပူးပေါင်းကာ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ကို တုန့်ပြန် တိုက်ဖျက်သွားရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က ပြောကြား ခဲ့သည်။

Cecilia Malmström က ဘရပ်ဆဲလ် တွင် ကျင်းပ သည့် အီးယူ-တရုတ် ဆက်ဆံရေး ဆွေးနွေးပွဲ တွင် ကမ္ဘာပေါ်ရှိ အချို့ နိုင်ငံ များသည် ကုန်သွယ်ရေး ကို လက်နက် တစ်ခု အဖြစ် အသုံးပြုလိုနေကြကြောင်း ၊ မိမိ အနေဖြင့် ကုန်သွယ်မှု အား တိုးတက်ဖွံ့ဖြိုးရေး နှင့် စည်ပင်သာယာရေး အတွက် အထောက်အကူ ပြုသည့် အရာ တစ်ခု အဖြစ် အသုံးပြုသွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Cecilia Malmström က တန်းတူညီမျှသည့် ကုန်သွယ်ရေး အခြေအနေ ရှိနေပါက အချို့ နိုင်ငံ များမှ တံခါးပိတ် ဝါဒ ကို ကျင့်သုံးသော်လည်း မိမိ တို့အနေဖြင့် ဆက်လက်၍ တံခါးဖွင့် ဝါဒ ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ချမှတ် ခဲ့သည့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ကို တိုက်ဖျက်မည့် အစီအစဉ် တွင်လည်း အလုံးစုံ ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ စီးပွားရေး နှင့် ကုန်သွယ်ရေး အားနည်းနေချိန်၌ တရုတ် နိုင်ငံ နှင့် ဥရောပ နိုင်ငံ များ၏ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သည့် ကောင်မွန်သည့် တိုးတက်ဖွံ့ဖြိုးမှု အခြေအနေတွင် ရှိခဲ့သည်။ တရုတ် နိုင်ငံ အကောက်ခွန် ဌာနချုပ်၏ စာရင်းများအရ ၂၀၁၆ ခုနှစ် တွင် တရုတ် နိုင်ငံ နှင့် ဥရောပ နိုင်ငံ တို့၏ ကုန်သွယ်မှု စုစုပေါင်း ပမာဏ သည် တရုတ် ယွမ်ငွေ ၃၆၁၀ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ထက် ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ထိုအတွင်း မှ တရုတ် နိုင်ငံ မှ ဥရောပ နိုင်ငံ သို့ ပို့ကုန် တန်ဖိုးသည် တရုတ် ယွမ်ငွေ ၂၂၄၀ ဘီလီယံ ရှိခဲ့ပြီး ယခင် နှစ်ထက် ၁.၂ ရာခိုင်နှုန်းတိုးတက်ကာ ဥရောပ မှ တရုတ် နိုင်ငံ သို့ ပို့ကုန် တန်ဖိုးသည် တရုတ်ယွမ်ငွေ ၁၃၇၀ ဘီလီယံ ရှိကာ ယခင် နှစ်ထက် ၅.၉ ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.