Connect with us

Economy

၂ဝ၁၈ ခုနှစ်တွင် ပေကျင်းမြို့တော်သို့ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်ခဲ့

တရုတ်နိုင်ငံ နန်းတော်ပြတိုက်သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပေကျင်းမြို့သို့၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၄ သန်းကျော် ဝင်ရောက်ခဲ့ရာ တစ်နှစ်တာတိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း မြို့တော်စာရင်းအင်းဗျူရိုက ဆိုသည်။

ပေကျင်းမြို့သို့လာရောက်လည်ပတ်ကြသော ခရီးသွားများထဲတွင် အမေရိကန်နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့က ထိပ်ဆုံး နှစ်နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ၊ အမေရိကန်နိုင်ငံမှ ခရီးသွား ၇၂ဝ,ဝဝဝ ဦး နှင့် ဂျပန်နိုင်ငံမှ ၂၄၉,ဝဝဝ ဦးဝင်ရောက်ခဲ့ကြောင်း ဗျူရို၏ပြောကြားချက်အရ သိရသည်။

တိုက်အနေနှင့်ဆိုရလျှင် ကမ္ဘာ့အကြီးဆုံးတိုက်ကြီးဖြစ်သော အာရှတိုက်မှ ခရီးသွားများသည် ပေကျင်းမြို့သို့အများဆုံးဝင်ရောက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်အတွင်း အာရှတိုက်ရှိ နိုင်ငံများ နှင့် ဒေသများမှ ခရီးသွား ၁.၇ သန်းကျော်ဝင်ရောက်ခဲ့ရာ တစ်နှစ်တာတိုးတက်မှုနှုန်း ၁.၄ ရာခိုင်နှုန်း အထိ ရှိခဲ့သည်။

ပေကျင်းမြို့တော်သည် တစ်ရက်တာ အလည်အပတ်ခရီးစဉ်များကို အနာဂတ်တွင် တိုးချဲ့လုပ်ဆောင်သွားရန်စီစဉ်နေပြီး ၁၄၄ နာရီ ဗီဇာကင်းလွတ်ခွင့် နှင့် အခွန်ငွေပြန်အမ်းပေးသည့် မူဝါဒဖြင့် ခရီးသွားများကို ပိုမိုဆွဲဆောင်သွားရန် လုပ်ဆောင်နေကြောင်း ပေကျင်းမြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မြို့တော်ကော်မရှင်က ယခင်နှစ်တွင်ပြောကြားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.