Connect with us

Economy

တတိယအကြိမ်မြောက် CIIE ပြပွဲတွင် ကျွမ်းကျင်မှုနယ်ပယ်ဆိုင်ရာ ဧည့်သည်များ စတင်မှတ်ပုံတင်နိုင်ပြီ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းပြပွဲကျင်းပရာ အမျိုးသား ပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာအား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်ရန် ကျွမ်းကျင်မှုနယ်ပယ်ဆိုင်ရာ ဧည့်သည်များ မှတ်ပုံတင်ခြင်းကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်မှုနယ်ပယ်ဆိုင်ရာ ဧည့်သည်များအနေဖြင့် ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဇွန် ၂၄ ရက်မှစ၍ မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း CIIE ဗျူရို ပြောကြားချက်အရ သိရသည်။ 

ကျွမ်းကျင်မှုနယ်ပယ်ဆိုင်ရာ ဧည့်သည်များတွင် ဝယ်သူများ၊ စက်မှုလုပ်ငန်း ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်း ကျွမ်းကျင်သူများ၊ လူမှုအဖွဲ့အစည်းများ၊ အများပြည်သူဆိုင်ရာအဖွဲ့များနှင့် အစိုးရအဖွဲ့အစည်းများ ပါဝင်သည်။ 

ယင်းပြပွဲတွင် ကျွမ်းကျင်မှုနယ်ပယ်ဆိုင်ရာ ဧည့်သည်များ ပါဝင်မှု ပိုမိုလွယ်ကူစေရန် ဝန်ဆောင်မှုများနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ အဆင့်မြှင့်တင်ထားကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဆိုသည်။ 

တတိယအကြိမ်မြောက် CIIE ပြပွဲကို ယခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားရန်လျာထားပြီး စီစဉ်ထားသည့် ပြခန်းဧရိယာ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ကြိုတင်နေရာယူထားပြီးဖြစ်ကြောင်း သိရသည်။ 

CIIE ပြပွဲသည် သွင်းကုန်အတွက် ရည်ရွယ်ကျင်းပသည့် ကမ္ဘာ့ပထမဆုံး ပြပွဲဖြစ်ပြီး ပြီးခဲ့သည့် ပြပွဲနှစ်ခုလုံးတွင် ကောင်းမွန်သော ရလဒ်များရရှိခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.