Connect with us

Economy

COVID-19 ရောဂါ ဖြစ်ပွားနေသော်လည်း တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်ကျိုးဆိပ်ကမ်းကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါ သက်ရောက်မှုရင်ဆိုင်နေရသော ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက် နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်လျက်လျက်ရှိကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး အစီအစဉ်က နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၃၈ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၁ ခုတို့နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုစာချုပ် ၂၀၁ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း အမျိုးသားဖွံဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ပြောခွင့်ရသူ Meng Wei က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

ယခုနှစ်၏ ပထမသုံးလပတ်အတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမ တစ်လျှောက်ရှိနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၉၆၃.၄၂ ဘီလီယံခန့်ရှိခဲ့ပြီး ယင်းနိုင်ငံများရှိ ငွေကြေးလုပ်ငန်းမဟုတ်သော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ မနှစ်ကထက် ၂၉.၇ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၁၃.၀၂ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း Meng က ဆိုသည်။

တရုတ်-ဥရောပ ကုန်စည်ရထားဝန်ဆောင်မှုကွန်ရက် တိုးတက်လာပြီး နိုဝင်ဘာ ၅ ရက်အထိ စုစုပေါင်း ခရီးစဉ် ၁၀,၁၈၀ ခု ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် တရုတ်-ဥရောပ ကုန်စည်ရထားဝန်ဆောင်မှု မှတစ်ဆင့် ဆေးဝါးပစ္စည်းပါဆယ် ၈ သန်းနီးပါးပို့ဆောင်ခဲ့ကြောင်း Meng က ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်-လာအိုရထားလမ်း ၊ တရုတ်-ထိုင်း ရထားလမ်း၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းနှင့် ဟန်ဂေရီ-ဆာဘီးယားရထားလမ်းတို့ အပါအဝင် ရပ်ဝန်းနှင့် ပိုးလမ်းမ အဓိကစီမံကိန်းများသည် ကောင်းမွန်စွာ ရှေ့ဆက်လုပ်ဆောင်လျက်ရှိကြောင်း Meng ကပြောခဲ့သည်။

ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက တရုတ်နိုင်ငံသည် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅၀ ကျော်ထံသို့ အရေးပေါ်ပစ္စည်းများ အသုတ် ၂၈၀ ကျော် ထောက်ပံ့ခဲ့ပြီး ကမ္ဘာ့ အကြီးမားဆုံး ကပ်ရောဂါတိုက်ဖျက်ရေး ကုန်ပစ္စည်းများထောက်ပံ့သူအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း Meng ကထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.