Connect with us

Economy

ပေကျင်းမြို့ရှိ Daxing လေဆိပ် လုပ်ငန်းလည်ပတ်မှုတစ်နှစ်ပြည့်ပြီ

တရုတ်နိုင်ငံ Beijing Daxing နိုင်ငံတကာလေဆိပ် အဆောက်အအုံကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Beijing Daxing နိုင်ငံတကာလေဆိပ်သည် စက်တင်ဘာ ၂၅ ရက်တွင် လုပ်ငန်းလည်ပတ်ခြင်းတစ်နှစ်ပြည့်မြောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်နှစ်တာအတွင်း မြင့်မားသောစံနှုန်းများနှင့် တီထွင်ဆန်းသစ်မှုများက လေဆိပ်လုပ်ငန်း ချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေခဲ့သည်။

ယခုသီတင်းပတ်အတွင်း လေဆိပ်၏ စုစုပေါင်း ခရီးသည်အရေအတွက်မှာ ၁၀ သန်းကျော်သို့ ရောက်ရှိခဲ့သည်။ လက်ရှိတွင် အဆိုပါ လေဆိပ်သည် နိုင်ငံတစ်ဝန်းရှိ လေဆိပ် ၁၂၉ ခုဖြင့် ချိတ်ဆက်ကာ ပြည်တွင်းလေကြောင်းလိုင်း ၁၈၇ ခုဖြင့် လည်ပတ်လျက်ရှိသည်။ စက်တင်ဘာ ၂၁ ရက်အထိ လေယာဉ် ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်း အကြိမ်ရေ ၈၄,၀၀၀ ကြိမ်ရှိခဲ့ပြီး ကုန်စည်နှင့် စာပို့ဆောင်မှုအနေဖြင့် တန်ပေါင်း ၃၉,၀၀၀ ခန့်ရှိကြောင်း သိရသည်။

Daxing လေဆိပ်တွင် ပေကျင်းမြို့တော် နိုင်ငံတကာလေဆိပ်မှ လွှဲပြောင်းသည့် လေကြောင်းလိုင်းလုပ်ငန်းများဖြင့် လေကြောင်းခရီးစဉ်များ တိုးမြင့်လျက်ရှိသည်။
China Southern Airlines သည် ပေကျင်းရှိ ၎င်းတို့၏လေကြောင်းခရီးစဉ် ၈၀ ရာခိုင်နှုန်းကို Daxing လေဆိပ်သို့ လွှဲပြောင်းခဲ့ကြောင်း၊ ကုမ္ပဏီအနေဖြင့် ၂၀၂၅ ခုနှစ်၌ Daxing လေဆိပ်တွင် ခန့်မှန်းခြေ လေယာဉ် စင်းရေ ၂၀၀ ကျော် လည်ပတ်သွားမည်ဖြစ်ကြောင်း၊ ယင်းနောက် စုစုပေါင်း ခရီးသည် ၂၈.၈ သန်း လက်ခံသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.