Economy
ဆင်ဟွာ နှင့် စပိန် သတင်းအေဂျင်စီ EFE ပူးပေါင်းဆောင်ရွက်ရန် ကတိပြု

မက်ဒရစ်၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန် (He Ping) နှင့် စပိန် EFE သတင်းအေဂျင်စီ ဥက္ကဋ္ဌ ဂျို့စ် အန်တိုနီယို ဗီရာ (Jose Antonio Vera) တို့ မေလ ၁၂ ရက်၌ စပိန်နိုင်ငံ မြို့တော် မက်ဒရစ်တွင် တွေ့ဆုံကာ မီဒီယာ နှစ်ခုကြား ပိုမို ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်။
ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ပေါင်းကူးတံတားအဖြစ် လည်းကောင်း၊ တရုတ်- စပိန် ကျယ်ပြန့်သည့် မဟာဗျူဟာကျ မိတ်ဖက် ပူးပေါင်းမှုအား ပြည်သူများ ပိုမိုနားလည်စေရန် အကူအညီဖြစ်စေရန် အတွက် EFE သတင်းအေဂျင်စီနှင့် အတူတကွ လုပ်ဆောင်သွား၇န် အဆင်သင့်ရှိကြောင်း ဟဲဖိန်က ပြောကြား ခဲ့သည်။
စပိန် EFE သတင်းအေဂျင်စီ ဥက္ကဋ္ဌ ဂျို့စ် အန်တိုနီယို ဗီရာကလည်း ပြီးခဲ့သည့်နှစ် ဆင်ဟွာသို့ လာရောက်လည် ပတ်စဉ်က ဆင်ဟွာ၏ သတင်းမီဒီယာလုပ်ငန်း ဖွံ့ဖြိုးမှုဖြစ်စဉ်အား သဘောကျနှစ်သက်မိကြောင်း၊ ဟဲ၏ မက်ဒရစ် ခရီးစဉ်တွင်လည်း အနာဂတ်၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများ ပိုမို လုပ်ဆောင်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)