Connect with us

Economy

Apple ကုမ္ပဏီက တရုတ်နိုင်ငံ၏ ပို့ဆောင်ရေး ဝန်ဆောင်မှု အပလီကေးရှင်းတွင် တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ကြေညာ

တရုတ်နိုင်ငံ၏ ပို့ဆောင်ရေး ဝန်ဆောင်မှု အပလီကေးရှင်း ဖြစ်သည့် Didi Chuxing အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

Apple ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ ပို့ဆောင်ရေး ဝန်ဆောင်မှု အပလီကေးရှင်း တစ်ခု ဖြစ်သည့် Didi Chuxing တွင် အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း မေလ ၆ ရက်တွင် ကြေညာ ခဲ့သည်။

Apple ကုမ္ပဏီ၏ CEO ဖြစ်သူ Jim Cook က Apple သည် တရုတ်နိုင်ငံ ဈေးကွက်၏ အချို့သော အစိတ်အပိုင်း များကို ပိုမို လေ့လာနိုင်ရန် အခွင့်အလမ်းများ အပါအဝင် အခြား မဟာဗျူဟာမြောက်သည့် အကြောင်းပြချက် များကြောင့် ထို့သို့ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ကုမ္ပဏီ နှစ်ခုကြား ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများစွာကို တွေ့မြင်ရပါကြောင်း နှင့် ရင်းနှီးမြှုပ်နှံခြင်းမှ ခိုင်မာသည့် အကျိုးရလဒ်များ ပြန်လည် ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့် အင်တာဗျူးဖြေကြားခဲ့သည်။
Didi Chuxing သည် ပေကျင်း အခြေစိုက် တရုတ် ပို့ဆောင်ရေး ကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီဖြစ်ပြီး ၎င်းသည် စမတ်ဖုန်းများမှ တစ်ဆင့် တရုတ်နိုင်ငံ အတွင်း တက္ကစီနှင့် အခြား မော်တော်ယာဉ်များ ငှားရမ်းနိုင်ရန် ဆောင်ရွက်ပေးကြောင်း သိရသည်။
Apple ၏ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမှုသည် Didi Chuxing အတွက် ပမာဏ အများဆုံး တစ်ဦးတည်းသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး Apple သည် ၎င်း၏ မဟာဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံသူ တစ်ဦး ဖြစ်လာကြောင်း Didi က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.