Connect with us

Economy

တရုတ်နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ထောက်ပံ့ပို့ဆောင်ရေး အားကောင်းစေရန် မြန်နှုန်းမြင့်ကုန်တင်ရထားလမ်းသစ် ဖွင့်လှစ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့ရှိ Dulaying နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ထောက်ပံ့ပို့ဆောင်ရေးဆိပ်ကမ်းမှ ပထမဆုံးသော တရုတ်-ဗဟိုအာရှ တိုက်ရိုက်ကုန်တင်ရထားကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်၏ မြို့တော်ဝူဟန့်နှင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၏ မြို့တော်ကွမ်ကျိုးကို ဆက်သွယ်ပေးသည့် မြန်နှုန်းမြင့်ကုန်တင်ရထားလမ်းကို နိုဝင်ဘာ ၁၅ ရက်က ဖွင့်လှစ်ခဲ့သည်။အဆိုပါရထားလမ်းပေါ်၌ ရထားများသည် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အထိ မြန်နှုန်းဖြင့် သွားလာနိုင်ပြီး တရုတ်နိုင်ငံအလယ်ပိုင်း မြို့ကြီးများနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသရှိ သယ်ယူပို့ဆောင်ရေးဗဟိုချက်အကြား တိုက်ရိုက်ပို့ဆောင်မှုများကို ပြုလုပ်နိုင်မည်ဖြစ်သည်။

အဆိုပါဝူဟန့်-ကွမ်ကျိုး ကုန်တင်ရထားလမ်းသည် လတ်ဆတ်သောအစားအစာ၊ ဇီဝဆေးဝါးနှင့် အီလက်ထရွန်းနစ်ထုတ်ကုန်များကဲ့သို့သော အချိန်မီပို့ဆောင်ရမည့် ကုန်ပစ္စည်းများကို အဓိကထား ပို့ဆောင်ပေးမည်ဖြစ်ကြောင်း China Railway Express ကုမ္ပဏီလီမိတက်၏ Hankou Station လုပ်ငန်းဌာန မန်နေဂျာ Zhang Ting က ပြောကြားခဲ့သည်။ ထုတ်ကုန်များ အကောင်းဆုံးအခြေအနေဖြင့် ရောက်ရှိစေရန် ရထားများတွင် အထူးထုပ်ပိုးမှုနှင့် အပူချိန်စောင့်ကြည့်စနစ်များ ပါရှိသည်။
ယခင်ကလည်း ကူမင်း-ချိန်တူး၊ ကျိန့်ကျိုး-ချုံချင့်နှင့် နန်ချန်း-ဆန်းကျန့် ရထားလမ်း အမြန်ဝန်ဆောင်မှုများ အပါအဝင် မြန်နှုန်းမြင့်ကုန်တင်ရထားလမ်းများစွာကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

အဆိုပါရထားလမ်းအသစ် ဖွင့်လှစ်ခြင်းက တရုတ်နိုင်ငံအလယ်ပိုင်းဒေသနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသတို့၏ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
New high-speed freight rail line launched to strengthen logistics in central, southern China
WUHAN, Nov. 15 (Xinhua) — On Saturday morning, a high-speed freight rail line was launched, connecting Wuhan, capital of central China’s Hubei Province, with Guangzhou, capital of south China’s Guangdong Province.
Trains on the line travel at speeds of up to 350 kilometers per hour, enabling direct deliveries between the central China metropolis and the transportation hub in the Guangdong-Hong Kong-Macao Greater Bay Area.
Zhang Ting, manager of the Hankou Station business department at China Railway Express Co., Ltd., said the Wuhan-Guangzhou freight line will primarily serve time-sensitive goods such as fresh food, biomedicine and electronic products. The trains feature specialized packaging and temperature-monitoring systems to ensure products arrive in optimal condition.
Previously, several high-speed freight lines had been launched, including the Kunming-Chengdu, Zhengzhou-Chongqing and Nanchang-Shenzhen railway express services.
The launch of this new line is expected to facilitate the coordinated development of the central China region and the Guangdong-Hong Kong-Macao Greater Bay Area. ■
English Caption
This photo taken on July 28, 2023 shows the first direct China-Central Asia freight train from Dulaying international land-sea logistics port in Guiyang, southwest China’s Guizhou Province.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.