Economy
တရုတ်-ဥရောပ ရထား (ရှီးအန်း) ၂၀၂၅ ခုနှစ် မောင်းနှင်ပြေးဆွဲသော ရထားအစင်းရေ ၅,၀၀၀ ကျော်ရှိ
ရှီးအန်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ကားအပိုပစ္စည်း၊ နေရောင်ခြည်စွမ်းအင်ပစ္စည်း၊ နယ်စပ်ဖြတ်ကျော် E-commerce ကုန်စည် အပြည့်တင်ဆောင်ထားသော အမှတ် X9043 တရုတ်-ဥရောပ ရထား (ရှီးအန်း) သည် တရုတ်နိုင်ငံ ရှီးအန်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဘူတာမှ အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဗားကူး သို နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ထွက်ခွာခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ တရုတ်-ဥရောပ ရထား (ရှီးအန်း) မောင်းနှင်ပြေးဆွဲသော ရထားအစင်းရေ စုစုပေါင်းမှာ ၅,၀၆၃ စင်းရှိပြီး ယမန်နှစ်ကာလတူထက် ၁၆.၃ ရာခိုင်နှုန်း တိုးမြင့်လာရာ ပထမဆုံးအကြိမ်အဖြစ် နှစ်စဉ်ပထမဆယ်လကြာကာလအတွင်း မောင်းနှင်ပြေးဆွဲမှုစုစုပေါင်းပမာဏ အစင်းရေ ၅,၀၀၀ ကျော်ပြီး နှစ်စဉ်အလားတူကာလ အမြင့်ဆုံးစံချိန်ချိုးခဲ့ကြောင်း China Railway (CR) ၏ အချက်အလက်ဖော်ပြမှုများအရ သိရသည်။ မောင်းနှင်ပြေးဆွဲမှုပမာဏ၊ ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏ၊ ကွန်တိန်နာတင်ဆောင်နှုန်း စသည့် အချက်အချာညွှန်းကိန်းများသည် နိုင်ငံတစ်ဝန်း၏ ရှေ့တန်းမှ တည်တည်ငြိမ်ငြိမ်ရပ်တည်လျက်ရှိသည်။ (Xinhua)
——————————–
(Chinese Version)
中欧班列(西安)2025年开行超5000列
新华社照片,西安,2025年11月17日
11月17日上午,装载着汽车配件、光伏组件、跨境电商货物的X9043次中欧班列(西安)驶出西安国际港站,驶向阿塞拜疆首都巴库。根据国铁集团提供的数据显示,2025年1至10月,中欧班列(西安)累计开行5063列,同比增长16.3%,首次实现年度前10个月开行量突破5000列大关,创历年同期最高纪录。开行量、货运量、重箱率等核心指标持续稳居全国前列。
1、2:11月17日,X9043次中欧班列(西安)驶出西安国际港站(无人机照片)。 新华社记者 邵瑞 摄
3、俯瞰西安国际港站(11月17日摄,无人机照片)。新华社记者 邵瑞 摄
