Economy
တရုတ်-ဥရောပ ရထားက “အချက်အချာ စီးပွားရေး” အသွင်ပြင်အသစ်များ ပြသလျက်ရှိ
ရှီးအန်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
၂၀၁၃ ခုနှစ်တွင် ပထမဆုံးအကြိမ် တရုတ်-ဥရောပ ရထားခရီးစဉ်ကို တရုတ်နိုင်ငံ ရှီးအန်းမြို့မှ စတင်ခဲ့သည်။ ယခုအချိန်တွင် ဤနေရာရှိ တရုတ်-ဥရောပ ရထား မောင်းနှင်မှုအရေအတွက်၊ ပို့ဆောင်သော ကုန်စည်ပမာဏနှင့် ကွန်တိန်နာတင်ဆောင်မှုနှုန်း စသည့်အဓိကကျသော ညွှန်းကိန်းများသည် နိုင်ငံအတွင်း ပထမနေရာတွင် နှစ်များစွာ ဆက်တိုက် ရပ်တည်လျက်ရှိသည်။

လက်ရှိတွင် တရုတ်-ဥရောပ ရထား (ရှီးအန်း) ၏ စတင်ရာနေရာဖြစ်သော ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ ချန်ပါ့အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် တည်ရှိသည့် ရှီးအန်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဘူတာ၌ ရထားလမ်းလုပ်ငန်းလိုင်း ၅၉ ခုတည်ဆောက်ခဲ့ပြီး လုပ်ဆောင်ချက်တူညီသည့် ရထားလမ်းအုပ်စု ၃ ခု၊ ရထားလမ်း ၆ လမ်းပါ ရထားကွန်တိန်နာစင်တာစခန်း ပိုင်ဆိုင်ထားသည်။ နှစ်စဉ်စံကွန်တိန်နာ ၅.၄ သန်း TEUs လက်ခံဆောင်ရွက်နိုင်အောင် ဒီဇိုင်းလုပ်ထားကာ ကာဇက်စတန်-ရှီးအန်းဆိပ်ကမ်း စသည့် ယူရေးရှားသို့ မျက်နှာမူသော ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစီမံကိန်းအများအပြားအတွက် တည်ဆောက်အသုံးပြုလျက်ရှိပြီး ၎င်းအား ခေတ်မီနိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အချက်အချာအဖြစ်သို့ ရောက်ရှိစေရန် အရှိန်မြှင့်တင်ပေးလျက်ရှိသည်။ (Xinhua)
…………………………..
(Chinese Version)
中欧班列“枢纽经济”展新姿
新华社照片,西安,2025年11月16日
2013年,西安发出首趟中欧班列。现在,这里的中欧班列开行量、货运量、重箱率等核心指标连续多年位居全国第一。目前,中欧班列(西安)的始发地——位于陕西西安浐灞国际港的西安国际港站已建成铁路作业线59条,拥有3束6线的铁路集装箱中心站,设计集装箱年吞吐量540万标箱,建成投用哈萨克斯坦西安码头等一批面向欧亚的交易和运输项目,使其加速成为现代化的国际商贸物流枢纽。
图说1:3月21日,满载货物的X8489次中欧班列从西安国际港站驶出(无人机照片)。 新华社记者 李一博 摄
图说2:11月14日,在西安国际港站哈萨克斯坦西安码头,工人在仓库中装卸货物。新华社记者 邵瑞 摄
