Economy
တရုတ်ပြည်သူ့ဘဏ် (PBOC) နှင့် တောင်ကိုရီးယားဘဏ်တို့ နှစ်ဖက် ငွေကြေးအပြန်အလှန် လဲလှယ်ခြင်းသဘောတူညီချက် ဆက်လက်သက်တမ်းတိုးခဲ့
ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
မကြာသေးမီရက်က တရုတ်ပြည်သူ့ဘဏ် (PBOC) နှင့် တောင်ကိုရီးယားဘဏ်တို့သည် နှစ်ဖက် ငွေကြေး အပြန်အလှန်လဲလှယ်ခြင်းသဘောတူညီချက်ကို ဆက်လက်သက်တမ်းတိုးခဲ့ကြကြောင်း၊ အပြန်အလှန် လဲလှယ်သည့် ပမာဏမှာ တရုတ်ငွေ ယွမ် ၄၀၀ ဘီလီယံ (သို့) တောင်ကိုရီးယားငွေ ဝမ် ၇၀ ထရီလီယံ ဖြစ်ပြီး သဘောတူညီချက် သက်တမ်းမှာ ၅ နှစ်ဖြစ်ကာ နှစ်ဖက် သဘောတူညီမှုအရ သက်တမ်းတိုးနိုင်ကြောင်း သတင်းထောက်က နိုဝင်ဘာ ၃ ရက်တွင် တရုတ်ပြည်သူ့ဘဏ် (PBOC) မှ သိရှိရသည်။
နှစ်ဖက် ငွေကြေး အပြန်အလှန်လဲလှယ်ခြင်း သဘောတူညီချက်အား ဆက်လက်သက်တမ်းတိုးခြင်းသည် နှစ်နိုင်ငံငွေကြေး၊ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေပြီး နှစ်ဖက် ကုန်သွယ်မှု အဆင်ပြေချောမွေ့ရေးကို မြှင့်တင်ကာ ဘဏ္ဍာရေးဈေးကွက် တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ပေးကြောင်း PBOC က ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
中国人民银行与韩国银行续签双边本币互换协议
新华社北京11月3日电(记者吴雨)记者11月3日从中国人民银行获悉,近日中国人民银行与韩国银行续签双边本币互换协议,互换规模为4000亿元人民币/70万亿韩元,协议有效期五年,经双方同意可以展期。
中国人民银行表示,双方再次续签双边本币互换协议,有助于进一步深化两国货币金融合作,促进双边贸易便利化,维护金融市场稳定。(完)
