Economy
တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ – တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ၏ ဆွဲဆောင်မှုက “နိုင်ငံတကာက လိုအပ်နေခြင်း” ကြောင့် အဖိုးတန်ခြင်းဖြစ်သည်ဟု ပညာရှင် ပြောကြား
ရှန်ဟိုင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သည် အဘယ်ကြောင့် ဤမျှဆွဲဆောင်မှုရှိသနည်းဆိုသော အကြောင်းအရာကို ဆွေးနွေးရာ၌ လက်ရှိနိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေး မသေချာမရေရာမှုများ တိုးတက်လာသည့် နောက်ခံအခြေအနေတွင် CIIE ၏ ဆွဲဆောင်မှုက “နိုင်ငံတကာက လိုအပ်နေခြင်း” ကြောင့် အဖိုးတန်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံ ရန်းမင်တက္ကသိုလ် (Renmin University) ချုံယန်ဘဏ္ဍာရေး လေ့လာမှုအင်စတီကျု အကြီးအကဲ၊ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုစွမ်းရည်ကျောင်း အကြီးအကဲ ဝမ်ဝန်က နိုဝင်ဘာ ၉ ရက်တွင် ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်သည့် “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၌ ပြောကြားခဲ့သည်။“CIIE က ကမ္ဘာပေါ်မှာ ပထမဆုံးသွင်းကုန်ကို အဓိကထားသည့် နိုင်ငံတော်အဆင့် ပြပွဲအနေနဲ့ ဒီလိုမျိုးရှားပါးမှုက ကမ္ဘာကြီးအတွက် အစားထိုးဖို့ရန်ခက်တဲ့ ဆွဲဆောင်မှုမျိုးရှိပါတယ်” ဟု ဝမ်ဝန်က ဆိုသည်။
“တရုတ်နိုင်ငံက အများပြည်သူထုတ်ကုန် အများအပြား တင်ပို့ရုံသာမက ပိုအရေးကြီးတာက တစ်ကမ္ဘာလုံးအတွက် သွင်းကုန်ကို အဓိကထားတဲ့ ကြီးမားတဲ့ ပလက်ဖောင်းတစ်ခု ပံ့ပိုးပေးလိုက်ပါတယ်” ဟု ဝမ်ဝန်က ပြောကြားခဲ့သည်။ လက်ရှိတွင် အချို့သော နိုင်ငံများက ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုအား ဆန့်ကျင်ခြင်း (Deglobalization) ပြန့်ပွားရန် လုပ်ဆောင်နေကြောင်း၊ တရုတ်နိုင်ငံက နိုင်ငံတကာသွင်းကုန်ပြပွဲကျင်းပခြင်းသည် အမှန်တကယ်တွင် ကုန်သွယ်ရေးကဏ္ဍ၏ မှားယွင်းသောလုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်သည့် အန္တရာယ်အား လျှော့ချခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“၅ နှစ်စီမံကိန်း တစ်ခုပြီးတစ်ခုက တရုတ်နိုင်ငံကို အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးနေပါတယ်။ တရုတ်နိုင်ငံကလည်း အစဉ်အမြဲ စနစ်ကျတဲ့လုပ်ငန်းစဉ်အတွင်းကနေ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ အကျိုးထမ်းဆောင်ပေးနေပါတယ်။ ဒီလိုမျိုး ဖွံ့ဖြိုးတိုးတက်မှုရဲ့ သေချာရေရာမှုနဲ့ တံခါးဖွင့်လှစ်မှုရဲ့ သေချာရေရာမှုတွေက ကမ္ဘာကြီးအတွက် သတင်းကောင်းပဲ ဖြစ်နေပါတယ်” ဟု ဝမ်ဝန်က ပြောကြားခဲ့သည်။

“‘ကမ္ဘာ့စက်ရုံ’ ကနေ ‘ကမ္ဘာ့ဈေးကွက်’ အထိ တရုတ်နိုင်ငံရဲ့ အားကောင်းတဲ့ ဝယ်ယူမှုစွမ်းရည်က နိုင်ငံတကာသွင်းကုန်ပြပွဲရဲ့ ဆွဲဆောင်မှုအားပဲဖြစ်ပါတယ်” ဟု ဝမ်ဝန်က ဆိုသည်။ “ဆန်းသစ်တီထွင်မှု မောင်းနှင်အား၊ နည်းပညာမိတ်ဆက်မှုနဲ့ လူတော်လူချွန် ဖိတ်ခေါ်မှုကတစ်ဆင့် CIIE က တရုတ်နိုင်ငံရဲ့ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှု၊ အဆင့်မြင့် တံခါးဖွင့်လှစ်မှုအတွက် အားကောင်းတဲ့ အထောက်အကူပြုအင်အား ပံ့ပိုးပေးနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံရဲ့ အားကောင်းတဲ့ ဝယ်ယူမှုစွမ်းရည်အပြင် CIIE နောက်ကွယ်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ သက်ရောက်မှုကို ပိုမိုပေါ်လွင်စေပါတယ်” ၊ CIIE သည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက စံနှုန်းအဆင့်မြှင့်ချိတ်ဆက်မှု၊ တံခါးဖွင့်လှစ်မှု ဂေဟစနစ် မြှင့်တင်ခြင်းကို တွန်းအားပေးလိုက်သဖြင့် ကုန်သွယ်ရေးအင်အားကြီးနိုင်ငံ တည်ဆောက်မှုကို မြှင့်တင်ပေးသည့် အရေးကြီးတွန်းအားဖြစ်ပေသည်ဟု ဝမ်ဝန်က ပြောကြားခဲ့သည်။ (Xinhua)
—————————–
(Chinese Version)
中国经济圆桌会|专家:进博会彰显磁吸力贵在“稀缺”
新华社上海11月9日电(记者黄韬铭)谈及进博会为何有如此大的吸引力,中国人民大学重阳金融研究院院长、全球领导力学院院长王文在新华社9日推出的“中国经济圆桌会”大型全媒体访谈节目中表示,在当前国际经贸形势不确定性上升的背景下,进博会彰显磁吸力贵在“稀缺”。
“进博会作为世界上第一个以进口为主题的国家级展会,如此稀缺性对世界来讲具有难以替代的魅力。”王文说。
“中国不仅输出了海量公共产品,更重要的是为全世界提供一个以进口为主题的巨大平台。”王文表示,现在某些国家盛行保护主义、去全球化,而中国举办国际进口博览会,实际上是对贸易领域错误做法的对冲。
“一个个五年规划推动中国不断发展,中国也一直在有序的进程中为世界作出重大贡献,这种发展的确定性和开放的确定性正是世界的福音。”王文说。
“从‘世界工厂’到‘全球市场’,中国强大的购买力正是进博会最大魅力所在。”王文说,“通过创新驱动、技术引进和人才引进,进博会能为中国的高质量发展、高水平开放提供强大助力。”
“除了中国强大的购买力,进博会背后更体现中国的经济话语权。”王文表示,进博会推动中国和世界各国提升标准对接、优化开放生态,是加强贸易强国建设的重要动力。(完)
1、嘉宾在第二十四期“中国经济圆桌会”大型全媒体访谈节目录制现场。新华社记者 方喆 摄
2、11月5日,人们从第八届中国国际进口博览会主题装饰前走过。新华社记者 任鹏飞 摄
