Economy
ကွမ်ယွမ်မြို့မှ ကြမ်းခင်းများ စီချွမ်းပြည်နယ်ပြင်ပ ဗဟိုအာရှနိုင်ငံရှိ နေအိမ်များတွင် ခင်းကျင်းထား
ကွမ်ယွမ် (စီချွမ်း)၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
စီချွမ်းလမ်းမကြီး (Shu dao) မှ တရုတ်နိုင်ငံ စီချွမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်သည့် ပထမဆုံးခရီးစခန်းအနေဖြင့် စီချွမ်းပြည်နယ် ကွမ်ယွမ်မြို့သည် ယခင်က “ကောင်းကင်သို့ တက်သကဲ့သို့ ခက်ခဲသည်” ဟူ၍ ကျော်ကြားခဲ့သည်။ ယခုအခါ သယ်ယူပို့ဆောင်ရေး ပြောင်းလဲလာခြင်း၊ လူနေမှုဘဝအသစ်ဖြစ်လာခြင်း၊ လုပ်ငန်းအသီးသီး ဖွံ့ဖြိုးတိုးတက်လာခြင်းတို့နှင့်အတူ ကွမ်ယွမ် အစိမ်းရောင်အိမ်တွင်းပရိဘောဂလုပ်ငန်းသည် အရှိန်မြင့်ဖွံ့ဖြိုးလျက်ရှိသော တက်ကြွမှုကို ပြသလျက်ရှိသည်။ ထူးခြားကောင်းမွန်သော ထုတ်ကုန်စွမ်းအားကို အရင်းခံကာ ဒေသတွင်း အစိမ်းရောင်အိမ်တွင်းပရိဘောဂလုပ်ငန်းမှ ကြမ်းခင်းလိပ်များသည် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ရောင်းချလျက်ရှိသည်။

ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် တက်ရှ်ကန့်၌ စီချွမ်းပြည်နယ် ကွမ်ယွမ်မြို့မှ ကြမ်းခင်း ရောင်းချသည့် ဆောက်လုပ်ရေးပစ္စည်းဆိုင်တစ်ဆိုင်သည် ရောင်းအားကောင်းလျက်ရှိသည်။ ဆိုင်ပိုင်ရှင် Jamshid Tashpulatov က ၎င်းသည် တက်ရှ်ကန့်တွင်သာ ရောင်းချသည်မဟုတ်ပဲ ဥဇဘက်ကစ္စတန်နိုင်ငံ ဒေသအများအပြားသို့လည်း ကုန်ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ယခုအခါ ၎င်း၏ စီးပွားရေးလုပ်ငန်းသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး တရုတ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ရန် မျှော်လင့်ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။

နှစ်ထောင်ချီရှိခဲ့သော စီချွမ်းလမ်းမကြီး (Shu dao) ပေါ်ရှိ ဆုံမှတ်တစ်ခုဖြစ်သော ကွမ်ယွမ်မြို့သည် ယခုအခါ တရုတ်-ဥရောပရထားလမ်း၊ တရုတ်-လာအိုရထားလမ်းနှင့် အနောက်ပိုင်း ကုန်းတွင်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်၏ အရေးကြီးသောဆုံမှတ်မြို့တစ်မြို့ဖြစ်ပြီး တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ၏ ပြင်ပသို့ တံခါးဖွင့်လှစ်ရန်အတွက် အထင်ကရနေရာအသစ်တစ်ခုအဖြစ် ပြောင်းလဲလျက်ရှိသည်။ (Xinhua)
————————-
镜头连中外丨广元地板出川 铺进中亚万家
新华社照片,广元(四川),2025年12月18日
作为蜀道入川第一站,四川广元曾以“难于上青天”闻名。如今交通变、生活新、百业兴,广元绿色家居产业展现出蓬勃活力。凭借优异的产品力,当地绿色家居产业城的卷材地板远销国内外。
在乌兹别克斯坦首都塔什干,一家销售四川广元地板的建材商店生意兴隆。据商店老板塔什普拉托夫介绍,他不仅在塔什干销售产品,还向乌兹别克斯坦多个地区发货。现在生意越做越红火,希望与中国企业继续推进合作。
千年蜀道的节点广元,如今是中欧班列、中老班列和西部陆海新通道的重要节点城市,正蝶变为西部对外开放新地标。
图说1:这是12月12日在四川省广元市拍摄的一家卷材地板制造车间(无人机照片)。 新华社记者 姜帆 摄
图说2:12月12日,工人在四川省广元市一家卷材地板制造车间比对样品颜色。新华社记者 陈振海 摄
