Connect with us

Economy

(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) အဏ္ဏဝါသိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှုကို တွန်းအားပေး၍ အပြာရောင်ပင်လယ်ရေနက်၏ အိပ်မက်ကို အရှိန်မြှင့်ဖော်ဆောင်ရန် ကျွမ်းကျင်ပညာရှင် အကြုံပြု

တရုတ်နိုင်ငံ စူးကျိုး စက်မှုဥယျာဉ်အား ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဏ္ဏဝါ သိပ္ပံနည်းပညာ ဆန်းသစ်ဖန်တီးမှုနှင့် ကုန်ထုတ်လုပ်ငန်း ဆန်းသစ်ဖန်တီးမှု ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ခြင်းမှတစ်ဆင့် အပြာရောင်ပင်လယ်နက် အိပ်မက်ကို အရှိန်မြှင့်ဖော်ဆောင်ရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အဏ္ဏဝါသတင်းအချက်အလက်စင်တာ ဒုတိယ ညွှန်ကြားရေးမှူး၊ သုတေသီ လီစွမ်းကျန့်က ဩဂုတ် ၁၃ ရက်တွင် ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်သည့် “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၌ ပြောကြားခဲ့သည်။“ပင်လယ်ရေနက်က တစ်ဖက်မှာ ဖိအားမြင့်မှု၊ အပူချိန်နိမ့်မှု၊ မှောင်မည်းမှု၊ အောက်ဆီဂျင်မရှိမှု ဆိုတဲ့ ရှုပ်ထွေးပြီး တစ်မူထူးခြားတဲ့ ပတ်ဝန်းကျင်ရှိသလို တစ်ဖက်မှာလည်း ပိုလီမက်တယ်လစ် နိုဂျူးများ (Polymetallic nodules)၊ ဟိုက်ဒရိုသာမိုဗန့်စ် (Hydrothermal vents)၊ ပင်လယ်ရေနက်တွင် နေထိုင်သည့်သတ္တဝါ စတဲ့ အမျိုးမျိုးသော မဟာဗျူဟာ အရင်းအမြစ်နဲ့ စွမ်းအင်တွေ အသီးသီးတည်ရှိပါတယ်။ အနာဂတ် ကုန်ထုတ်လုပ်ငန်း သိပ္ပံနည်းပညာယှဉ်ပြိုင်မှုရဲ့ အထိတ်အထိပ်နဲ့ နိုင်ငံတကာစီမံခန့်ခွဲမှုရဲ့ နေရာသစ် ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အနောက်တိုင်းက ပင်လယ်ရေနက် အဏ္ဏဝါ သိပ္ပံနည်းပညာ တိုးတက်မှု ခြေလှမ်းစောရာ ကာလကြာရှည် စုစည်းမှုများဖြင့် ကမ္ဘာ့ဦးဆောင်နေရာတွင် ရပ်တည်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် နောက်ပိုင်းတိုးတက်မှု အလွန်လျင်မြန်သူအနေဖြင့် သမုဒ္ဒရာရေနက်ပိုင်းတစ်ခုလုံး လူတင်ဆောင်နိုင်သော ယာဉ်ကိရိယာ အမျိုးအစားအလိုက် ထုတ်လုပ်နိုင်သည့် စွမ်းရည် ရှိပြီးဖြစ်ရာ “ကျောင်းလုံ”၊ “ဟိုင်လုံ”၊ “ချန်လုံ” တို့ကိုယ်စားပြုသည့် “နဂါးသုံးကောင်” ဟုတင်စားသည့် ကိရိယာယာဉ်စနစ် ဖြစ်တည်ခဲ့ကြောင်း၊ ပင်လယ်နက် သတ္တုတူးဖော်ရေးကဏ္ဍတွင် ပထမဆုံးအကြိမ်အဖြစ် ၁,၃၀၀ မီတာ အတန်းအစား သတ္တုတူးဖော်ရေး အလုံးစုံချိတ်ဆက်မှုစနစ် ပင်လယ်ပြင်၌စမ်းသပ်မှုကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့သလို ပင်လယ်ရေနက် ဇီဝဗီဇဘဏ် တည်ဆောက်မှုနှင့် ကုန်ထုတ်လုပ်မှုအသွင် လုပ်ငန်းစဉ်များကိုလည်း အရှိန်မြှင့်တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပင်လယ်ရေနက်စနစ်ယန္တရား ပြုပြင်ပြောင်းလဲမှုကို အားဖြည့်ရမည် ဖြစ်ပြီး နိုင်ငံတစ်ဝန်းအားသာချက်များကို အပြည့်အဝ အသုံးချကာ သိပ္ပံနည်းပညာအင်အားနှင့်ပေါင်းစပ် ရမည်ဖြစ်ကြောင်း၊ ပင်လယ်ရေနက် သိပ္ပံပညာအသိနှင့် နည်းပညာ သုတေသနပြုထုတ်လုပ်မှုကို တိုးချဲ့ပြီး ထုတ်လုပ်မှုလုပ်ငန်းများနှင့် နက်ရှိုင်းစွာ ပေါင်းစည်းရမည် ဖြစ်ကြောင်း၊ ပင်လယ်ရေနက်အရင်းအမြစ် ဈေးကွက်အသွင် စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ပင်လယ်ရေနက် တွင်းထွက်သတ္တုနဲ့ မျိုးရိုးဗီဇအရင်းအမြစ် တိုးတက်ရေးကို အရည်အသွေးသစ်ကုန်ထုတ်စွမ်းအားအဖြစ် ပျိုးထောင်တဲ့ အဓိကဦးတည်ချက်အဖြစ် ထားရှိရမှာ ဖြစ်တယ်၊ ကုန်ထုတ်လုပ်ငန်း မဟာဗျူဟာအစီအစဉ်နဲ့ အဓိကအင်ဂျင်နီယာစီမံကိန်းမှာ ထည့်သွင်းပြီး ပင်လယ်ရေနက် သိပ္ပံနည်းပညာနဲ့ ကုန်ထုတ်လုပ်ငန်းအသစ်ရဲ့ နက်ရှိုင်းစွာ ပေါင်းစပ်မှုကို တွန်းအားပေးရမှာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ပင်လယ်နက် ဒစ်ဂျစ်တယ်အသွင်၊ ဒစ်ဂျစ်တယ်ဉာဏ်ရည်အသွင် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် လီစွမ်းကျန့်က အကြုံပြုပြောကြားခဲ့သည်။ “3D ၊ AI ၊ မောင်းသူမဲ့နည်းပညာနဲ့ ပုံစံသစ် စွမ်းအင်နည်းပညာ၊ ရေအောက်အလင်းဆက်သွယ်ရေး သို့မဟုတ် ကွမ်တမ်ဆက်သွယ်ရေး နည်းပညာ စတာတွေကို ပင်လယ်ရေနက်မှာ အသုံးချခြင်းက တော်လှန်ရေးပမာ အပြောင်းအလဲတွေကို ဆောင်ကြဉ်းပေးမှာ ဖြစ်တယ်။ နည်းပညာဆန်းသစ်တီထွင်မှု စွမ်းအားပေးခြင်းနဲ့ ကုန်ထုတ်လုပ်ငန်း အသုံးပြုခြင်းကို ဟန်ချက်ညီညီ အလျင်အမြန် ချိတ်ဆက်ခြင်းမှတစ်ဆင့် ပင်လယ်ရေနက် ကုန်ထုတ်လုပ်ငန်းကွင်းဆက် အချက်အချာ၏ ကိုယ်ပိုင်ရပ်တည်ထိန်းချုပ်မှုနဲ့ ထပ်လောင်း အဆင့်မြှင့်တင် ပြောင်းလဲမှု ဆောလျင်စွာ ပြီးစီးအောင် လုပ်ဆောင်ရမှာဖြစ်တယ်” ဟု လီစွမ်းကျန့်က အကြံပြုသည်။

ပင်လယ်ရေနက်အရင်းအမြစ် ဖော်ဆောင်အသုံးချရေးနှင့် ဂေဟပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှုကို အတူတကွ ဟန်ချက်ညီစွာ တွန်းအားပေးမှုကို အခိုင်အမာလက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ ပင်လယ်ရေနက် ဇီဝဗီဇအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဂေဟပတ်ဝန်းကျင် သက်ရောက်မှုကို အကဲဖြတ်ခြင်း၊ စွမ်းရည်တည်ဆောက်ခြင်းနှင့် နည်းပညာလွှဲပြောင်းခြင်း စသည့်ကဏ္ဍများတွင် နိုင်ငံကြီး၏တာဝန်ကို ကောင်းမွန်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ အစိမ်းရောင်အသွင်ပြောင်းခြင်းဖြင့် ပင်လယ်ရေနက်ထုတ်ကုန်လုပ်ငန်း အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————————–
(Chinese Version)
中国经济圆桌会丨专家建言推进海洋科技创新加快逐梦深蓝
新华社北京8月13日电(记者王立彬)国家海洋信息中心副主任、研究员李双建在新华社13日推出的“中国经济圆桌会”大型全媒体访谈节目中表示,中国要通过海洋科技创新和产业创新融合发展,加快逐梦深蓝。
“深海一方面具有高压、低温、黑暗、无氧的复杂特殊环境,另一方面,分布着多金属结核、海底热液、深海底栖生物等各种战略性资源和能源,是未来产业科技竞争的制高点和国际治理的一个新空间。”他说。
李双建介绍,西方深海科技发展起步早,凭借长期积累占据全球领先地位,中国作为后来者发展很快,已经具备全海深载人装置谱系化制造能力,形成以“蛟龙”“海龙”“潜龙”为代表的“三龙”装备体系,在深海采矿领域首次完成1300米级采矿整体联动系统海试,深海生物基因库建设和产业化进程也都在加快推进。
他说,要加强深海体制机制改革,充分发挥举国优势,整合科技力量,加大深海科学认知和技术研发投入以及与产业的深度融合,推动建立深海资源市场化管理机制。
“要将深海矿产和遗传资源开发作为培育新质生产力的重要方向,纳入产业战略规划和重大工程项目,推动深海科技与新产业的深度融合。”他说。
李双建建议,促进深海数字化、数智化融合发展。“3D、AI、无人技术以及新型能源技术、水下光通信或量子通信技术等运用于深海将带来革命性突破。要抓紧通过将技术创新赋能与产业应用场景进行高度契合,尽快完成深海产业链关键节点的自主可控和升级迭代。”
他还表示,要坚持深海资源开发利用与生态环境保护协同推进,在深海生物遗传资源保护、生态环境影响评估及能力建设与技术转让方面履行好大国责任,以绿色转型引领深海产业高质量发展。(完)
1. 2023年7月3日拍摄的苏州工业园区(无人机照片)。新华社记者 李博 摄