Economy
ချုံချင့်မြို့ ရိုယန်ခရိုင်တွင် ရှေးဟောင်းမြို့ ပြန်လည်သစ်လွင်လာ၊ ခရီးသွားလုပ်ငန်း စာမျက်နှာသစ်တစ်ခု ရေးသား
ချုံချင့်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
ဝူးကျန်းမြစ် ကုံးထန်း ခရီးသွားအပန်းဖြေစခန်းသည် တရုတ်နိုင်ငံ ချုံချင့်မြို့၊ ရိုယန် ထူကျားလူမျိုး၊ မြောင် လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၏ အနောက်ပိုင်းတွင် တည်ရှိပြီး ချုံချင့်နှင့် ကွေ့ကျိုးတို့ နယ်နိမိတ်ထိစပ်ရာဒေသတွင် တည်ရှိသည်။ ဤနေရာသည် ကီလိုမီတာ ရာချီရှည်လျားသော ဝူးကျန်းမြစ် ပန်းချီစင်္ကြံ၏ အစပြုရာနေရာဖြစ်ပြီး မြစ်နှစ်စင်း ဝန်းရံထားကာ အပင်များ ဝေဝေဆာဆာရှိသည့်အပြင် နိုင်ငံအဆင့် AAAA ရှုခင်းသာဧရိယာရရှိထားသော ကုံးထန်းရှေးဟောင်းမြို့နှင့် ဝူးကျန်းမြစ် သဘာဝရှုခင်းသာဧရိယာတို့ကိုလည်း ပိုင်ဆိုင်ထားသည်။မကြာသေးမီနှစ်များတွင် အပန်းဖြေစခန်းသည် ကြွယ်ဝသော သမိုင်းယဉ်ကျေးမှုနှင့် သဘာဝရှုမြင်ကွင်းအရင်းအမြစ်များကို အခြေခံကာ Themed တည်းခိုအိမ်များ၊ ဝူးကျန်းမြစ် အပျော်စီးလှေ၊ အနုပညာပြခန်းများ၊ ဒေသ ရိုးရာအစားအစာများ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ဖျော်ဖြေရေးအစီအစဉ်များ စသည့် လုပ်ငန်းစနစ်များကို စုစည်းကာ ခရီးသွားလုပ်ငန်းကို အရှိန်မြှင့်ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။

၂၀၂၅ ခုနှစ်တွင် အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်အရေအတွက်သည် အကြိမ်ရေ ၅.၀၄ သန်းကျော်အထိ ရှိခဲ့ပြီး ဘက်စုံ စုစုပေါင်း ဝင်ငွေမှာ ယွမ် ၂၈.၁၈ ဘီလီယံအထိ ရရှိခဲ့ရာ ချုံချင့်၊ ဟူနန်နှင့် ဟူပေ အထိ သက်ရောက်မှုရှိသည့် အပန်းဖြေခရီးသွား နေရာသစ်တစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)
————————
(Chinese Version)
重庆酉阳:古镇焕新韵 旅游绘新篇
新华社照片,重庆,2026年1月17日
乌江·龚滩旅游度假区位于重庆市酉阳土家族苗族自治县西部,地处渝黔交界,是百里乌江画廊的起点,这里两江环绕,植被丰茂,坐拥国家AAAA级景区龚滩古镇与乌江风景名胜区。
近年来,度假区依托丰富的历史文化和自然景观资源,汇集主题民宿、乌江游船、艺术展馆、民俗美食、非遗演出等产业体系,大力发展旅游业。2025年度假区接待游客突破504万人次,综合收入达28.18亿元,成为辐射渝湘鄂的休闲旅游新高地。
图说:这是1月16日拍摄的乌江·龚滩旅游度假区景色(无人机照片)。 新华社记者 唐奕 摄
