Connect with us

Economy

ရှန်ဟိုင်းဆိပ်ကမ်းက ဇန်နဝါရီမှ စက်တင်ဘာအတွင်း မော်တော်ယာဉ် ၂ သန်းကျော် တင်ပို့ခဲ့

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၏ ဝိုက်ကောင်းချောင်ဆိပ်ကမ်းဧရိယာရှိ ရှန်ဟိုင်းဟိုင်ထုန်းအပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ဆိပ်ကမ်းဂိတ်၌ ဩစတြေးလျသို့ တင်ပို့မည့် Shanghai Automotive Industry Corp (SAIC) မှထုတ်လုပ်သည့် MG ကားများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းဆိပ်ကမ်းသည် ၂၀၂၅ ခုနှစ်၏ ပထမသုံးလပတ်ကာလ သုံးခုအတွင်း မော်တော်ယာဉ်အစီးရေ ၂.၀၅ သန်း တင်ပို့ခဲ့ပြီး ယမန်နှစ် ကာလတူထက် ၁၅ ရာခိုင်နှုန်း တိုးလာကာ ထိုကာလအတွင်း တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှု စုစုပေါင်း၏ သုံးပုံတစ်ပုံကျော် ရှိကြောင်း ရှန်ဟိုင်းအကောက်ခွန်ဌာန၏ အဆိုအရ သိရသည်။ရှန်ဟိုင်းမြို့၏ Pudong နယ်မြေသစ်ရှိ ဝိုက်ကောင်းချောင်ဆိပ်ကမ်းဧရိယာက လေးနှစ်ဆက်တိုက် နှစ်စဉ် မော်တော်ယာဉ်တင်ပို့မှု ၁ သန်းကျော်ကို ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။
အကောက်ခွန်အချက်အလက်များအရ တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုအများဆုံး ဆိပ်ခံတံတားများထဲမှ တစ်ခုဖြစ်ပြီး မော်တော်ယာဉ်တင်သွင်းမှုများနှင့် တင်ပို့မှုများအတွက် “ro-ro” (မော်တော်ယာဉ်ကုန်တင်ကုန်ချတိုက်ရိုက်ပြုလုပ်နိုင်သော သို့မဟုတ် မော်တော်ယာဉ်များ အတက်အဆင်းပြုလုပ်နိုင်သော) ကမ္ဘာ့အကြီးဆုံးအဆောက်အအုံဖြစ်သည့် ဟိုင်ထုန်းအပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ဆိပ်ခံတံတားမှတစ်ဆင့် တင်ပို့မှုများမှာ မော်တော်ယာဉ်အစီးရေ ၁.၁ သန်းကျော်ရှိပြီး ယမန်နှစ်ကာလတူထက် ၁၄.၂ ရာခိုင်နှုန်း တိုးလာကာ စံချိန်တင် မြင့်တက်ခဲ့သည်။ ထိုတင်ပို့မှုများ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ စွမ်းအင်သစ်ကား (လျှပ်စစ်ကား) များ ဖြစ်သည်။

လက်ရှိတွင် အဆိုပါဆိပ်ကမ်းသည် နိုင်ငံနှင့် ဒေသပေါင်း ၁၃၁ ခုရှိ ဆိပ်ကမ်း ၂၈၉ ခုသို့ လမ်းကြောင်းများ ပြေးဆွဲနေပြီး တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များကို ကမ္ဘာ့ဈေးကွက်များသို့ နေ့စဉ် ပျမ်းမျှအားဖြင့် ro-ro သင်္ဘော နှစ်စင်းမှ သုံးစင်းအထိ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………………………..
(English Version)
Shanghai Port exported over 2 mln vehicles in January-September
SHANGHAI, Oct. 25 (Xinhua) — Shanghai Port exported 2.05 million vehicles in the first three quarters of 2025, marking a 15 percent year-on-year increase and accounting for over one-third of China’s total auto exports during the period, according to Shanghai Customs.
The Waigaoqiao port area in the city’s Pudong New Area has handled over 1 million vehicle exports annually for four consecutive years.
Customs data shows that exports via the Haitong international automobile terminal — one of China’s largest auto-export terminals and the world’s largest “ro-ro” (roll-on/roll-off) facility for automotive imports and exports — surpassed 1.1 million units, which was a 14.2 percent year-on-year increase and a record high. Over 60 percent of these exports were new energy vehicles.
The terminal currently operates routes to 289 ports across 131 countries and regions, with an average of two to three ro-ro vessels shipping made-in-China vehicles to global markets daily. ■
English Caption
An aerial drone photo taken on July 9, 2023 shows MG cars produced by Shanghai Automotive Industry Corp (SAIC) to be shipped to Australia at Shanghai Haitong International Automotive Terminal in Waigaoqiao of east China’s Shanghai. (Xinhua/Fang Zhe)