Connect with us

Economy

တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်ရေးအရန်ငွေများ စက်တင်ဘာလ၌ မြင့်တက်

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ တရုတ်ပြည်သူ့ဘဏ်၏ အပြင်ဘက်မြင်ကွင်းတစ်ခုကို တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်ရေးအရန်ငွေစုစုပေါင်းမှာ စက်တင်ဘာလကုန်၌ အမေရိကန်ဒေါ်လာ ၃.၃၃၈၇ ထရီလီယံရှိပြီး သြဂုတ်လကုန်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၆.၅ ဘီလီယံ သို့မဟုတ် ၀.၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အောက်တိုဘာ ၇ ရက်က ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များအရ သိရသည်။ထိုသို့တိုးမြင့်လာခြင်းမှာ ငွေကြေးလဲနှုန်းပြောင်းခြင်း (currency translation) နှင့် ပိုင်ဆိုင်မှုတန်ဖိုးများ ပြောင်းလဲမှုများ၏ ပေါင်းစပ်သက်ရောက်မှုကြောင့်ဟု နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲရေးအဖွဲ့က ယူဆသည်။

အမေရိကန်ဒေါ်လာအညွှန်းကိန်းမှာ စက်တင်ဘာလ၌ အနည်းငယ်အတက်အကျများကို ကြုံတွေ့ခဲ့ရပြီး ကမ္ဘာ့ဘဏ္ဍာရေးပိုင်ဆိုင်မှုတန်ဖိုးများ ယေဘုယျအားဖြင့် မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

တည်ငြိမ်သော စီးပွားရေး၏ ပံ့ပိုးပေးမှုကြောင့် တရုတ်နိုင်ငံသည် ၎င်း၏ နိုင်ငံခြားငွေလဲလှယ်ရေးအရန်ငွေ၏ အလုံးစုံ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကောင်းမွန်သော အနေအထားတွင် ရှိသည်ဟုလည်း နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲရေးအဖွဲ့ထံမှ သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China’s foreign exchange reserves rise in September
BEIJING, Oct. 7 (Xinhua) — China’s foreign exchange reserves totaled 3.3387 trillion U.S. dollars at the end of September, up by 16.5 billion U.S. dollars, or 0.5 percent, compared to the end of August, official data showed Tuesday.
The State Administration of Foreign Exchange attributed the increase to the combined impact of currency translation and changes in asset prices.
In September, the U.S. dollar index experienced mild fluctuations, while global financial asset prices generally rose, said the administration.
Supported by a steady economy, China remains well-positioned to maintain the overall stability of its foreign exchange reserves, according to the administration. ■
English Caption
File photo shows an exterior view of the People’s Bank of China in Beijing, capital of China. (Xinhua/Peng Ziyang)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.