Connect with us

Economy

တရုတ်နိုင်ငံ၌ ဇန်နဝါရီမှအောက်တိုဘာအတွင်း ရထားစီးခရီးသည်ခရီးစဥ်အကြိမ်ရေ စံချိန်တင်

တရုတ်နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် လော့ယန်မြို့ရှိ လော့ယန်လုံမန် ရထားဘူတာရုံ၌ ရထားပေါ်တက်ရန် စောင့်ဆိုင်းနေကြသည့်ခရီးသည်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရထားလမ်းစနစ်တွင် ၂၀၂၅ ခုနှစ် ပထမ ၁၀ လတာကာလအတွင်း ခရီးသည်ခရီးစဥ်အကြိမ်ရေ စံချိန်တင်ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း China State Railway Group ကုမ္ပဏီလီမိတက်က နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။ဇန်နဝါရီမှ အောက်တိုဘာအထိ ကာလအတွင်း နိုင်ငံတစ်ဝန်း ရထားစီးခရီးသည် ခရီးစဥ်အကြိမ်ရေ စုစုပေါင်း ၃.၉၅ ဘီလီယံ ရှိခဲ့ကာ ယမန်နှစ်ကထက် ၆.၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ရထားလမ်းကုမ္ပဏီက ပြောကြားခဲ့သည်။

ရထားလမ်းကုမ္ပဏီက ယခုနှစ်ဆန်းပိုင်းကတည်းက ခရီးသွားများ၏ အမျိုးမျိုးသောတောင်းဆိုချက်များ မြင့်တက်လာမှုကို ဖြည့်ဆည်းဆောင်ရွက်စဥ်တွင် ဘေးကင်းစွာနှင့်စနစ်တကျခရီးသွားလာရေးကို ဦးစားပေးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဥပမာ ဆိုရသော် ပထမဆယ်လအတွင်း ခရီးသွားလုပ်ငန်းကိုဗဟိုပြုသည့် ရထားဝန်ဆောင်မှုပေါင်း ၂,၀၄၉ လုပ်ဆောင်ခဲ့ပြီး ယမန်နှစ် ကာလတူကထက် ၂၈.၁ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်းသိရသည်။

ကျောင်းသားများ၊ ကလေးများနှင့် အခြားသော အဓိကဆောင်ရွက်ပေးရမည့်သူများအတွက် အထူးလျှော့စျေးကဲ့သို့ ခရီးသွားလာမှု ပိုမိုလွယ်ကူစေပြီး ပို၍တတ်နိုင်စေမည့်လုပ်ဆောင်ချက်များကိုလည်း အလေးပေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

……….
(English Version)
China sees record number of railway passenger trips in Jan.-Oct.
BEIJING, Nov. 16 (Xinhua) — China’s railway system handled a record-high number of passenger trips during the first 10 months of 2025, data from China State Railway Group Co., Ltd. showed on Sunday.
In the January-October period, the number of railway passenger trips totaled 3.95 billion across the country, up 6.4 percent from a year earlier, according to the railway operator.
The operator said that since the beginning of this year, it has prioritized safe and orderly travel while also working to meet the growing diversity of passenger demands. For instance, it provided 2,049 tourism-focused train services in the first 10 months, up 28.1 percent year on year.
It also highlighted measures to make travel easier and more affordable, such as customized discounts for students, children and other key groups.
Photo : Passengers wait to board a train at Luoyang Longmen Railway Station in Luoyang, central China’s Henan Province, Oct. 7, 2025. (Photo by Zhang Yixi/Xinhua)