Connect with us

Economy

ဟန်ဂေရီနိုင်ငံက ဆက်စပ်သက်ဆိုင်သော တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များအတွက် ဗီဇာအဆင်ပြေချောမွေ့စေရေးအစီအမံများကို သက်တမ်းတိုးပေး

ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ ဘုရားကျောင်း ပွဲတော်ကျင်းပမှုအခမ်းအနားအတွင်း ခြင်္သေ့အကကို ကြည့်ရှုနေသူများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဘူဒါပက်စ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဟန်ဂေရီနိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ပြည်ဝင်ခွင့်ပြုထားခြင်းကို ကြာမြင့်စွာ ဆက်လက်သက်တမ်းတိုးရန်ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဟန်ဂေရီနိုင်ငံက ဆက်စပ်သက်ဆိုင်သော တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များအတွက် ဗီဇာအစီအမံများကို သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဟု ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ပီတာရှီဂျာတိုက နိုဝင် ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။ရှီဂျာတိုက ၎င်း၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ထားသော စကားပြောဗီဒီယိုဖိုင်အတို တစ်ခု၌ တရုတ်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်ခေါင်းဆောင်များအတွက် ရှိနှင့်ပြီးသား ဗီဇာစည်းမျဉ်း အဆင်ပြေချောမွေ့ရေးအစီအမံများမှာ အပြောင်းအလဲမရှိ ဆက်လက်တည်ရှိနေမည်ဟု ပြောကြားခဲ့သည်။ “ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ဟန်ဂေရီ နိုင်ငံကိုလာရောက်မယ့် တရုတ်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်ခေါင်းဆောင်တွေနဲ့ စွန့်ဦးတီထွင် လုပ်ငန်း ရှင်တွေကို ၄၈ နာရီအတွင်း ဗီဇာတွေထုတ်ပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်ပေးသွားမှာပါ” ဟု ရှီဂျာတို က ပြောကြားခဲ့သည်။
ယခုမူဝါဒသည် နှစ်နိုင်ငံအကြား စီးပွားရေး၊ ပညာရေးနှင့် ခရီးသွားလာရေးလုပ်ငန်းနှင့်ဆက်စပ်နေသော ကူးလူးဖလှယ်မှုများကို အထောက်အကူပြုရန်ရည်ရွယ်ခြင်းဖြစ်သလို ဟန်ဂေရီနိုင်ငံ-တရုတ် နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွင် အရှိန်အဟုန်ဖြင့်တိုး တက်လာခြင်းကို ရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်းလည်း ရှီဂျာတိုက ပြောကြားခဲ့သည်။

ယခုလို သက်တမ်းထပ်တိုးမှုမှာ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ရေးအတွက် ဟန်ဂေရီနိုင်ငံ၏ ပိုမိုကျယ်ပြန့်သောချဉ်းကပ်မှုနှင့် ချိန်ညှိနိုင်ကြောင်းလည်း ရှီဂျာတိုက ထပ်လောင်း ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်မတ်လတွင် စတင်မိတ်ဆက်ခဲ့ပြီး ၂၀၂၆ ခုနှစ်ကုန်အထိ ထပ်မံသက်တမ်းတိုးခဲ့သော တရုတ် နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်ပေးမှု ပဏာမဆောင်ရွက်ချက်အရ ခရီးသွားလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် မိသားစုအလည်အပတ်ခရီးသွားရောက်မည့် ဟန်ဂေရီနိုင်ငံသားများကို တရုတ်နိုင်ငံအတွင်း ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပေးထားခြင်းဖြစ်သည်။ (Xinhua)
—————————
(English Version)
Hungary extends visa facilitation measures for relevant Chinese business people
BUDAPEST, Nov. 16 (Xinhua)
Hungary will extend its visa facilitation measures for relevant Chinese business people by one year in response to China’s decision to prolong visa-free entry for Hungarian citizens, Hungarian Minister of Foreign Affairs and Trade Peter Szijjarto said on Sunday.
Speaking in a short video posted on his official Facebook page, Szijjarto said the existing visa facilitation measures for Chinese business leaders will remain unchanged. “Thus, we will continue to issue visas within 48 hours for those Chinese business leaders and entrepreneurs who come to Hungary to promote economic and trade cooperation,” he said.
Szijjarto said the policy aims to support bilateral economic, educational, and tourism-related exchanges, reflecting the growing momentum in Hungary-China cooperation.
He added that the extension aligns with Hungary’s broader approach to strengthening global cooperation.
China’s visa-free initiative, introduced in March 2024, was extended to the end of 2026, allowing Hungarian citizens to stay in China for up to 30 days for tourism, business, or family visits. ■
Photo:
People watch a lion dance during a temple fair celebrating the upcoming Chinese Lunar New Year in Budapest, Hungary, on Jan. 18, 2025. (Xinhua/Chen Hao)