Connect with us

Economy

တရုတ်နိုင်ငံမော်တော်ကားတင်ပို့မှု ပထမ ၁၀ လအတွင်း ၁၅.၇ ရာခိုင်နှုန်းမြင့်တက်

တရုတ်နိုင်ငံအ‌ရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ယန်ထိုက်ဆိပ်ကမ်းတွင် တင်ပို့မည့်မော်တော်ယာဥ်များကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏မော်တော်ကားတင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း ၁၅.၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရုတ်နိုင်ငံမော်တော်ယာဥ်ထုတ်လုပ်ရောင်းချသူများအသင်း အချက်အလက်များ အရသိရသည်။တရုတ်နိုင်ငံသည် အထက်ပါကာလအတွင်း မော်တော်ယာဥ်အစီးရေ ၅.၆ သန်းတင်ပို့ခဲ့ကြောင်း အချက်အလက်များကပြသခဲ့သည်။

အထူးသဖြင့် စွမ်းအင်သစ်သုံးမော်တော်ယာဥ် (NEV) ၂.၀၁ သန်း တင်ပို့ခဲ့ရပြီး ယမန်နှစ်အလားတူကာလကထက် ၉၀.၄ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ တစ်လတည်းအတွက် တရုတ်နိုင်ငံ၏မော်တော်ယာဥ်တင်ပို့မှုသည် ယမန်နှစ်ကာလတူထက် ၂၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး NEV တင်ပို့မှုအနေဖြင့်မူ ၉၉.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
……….
(English Version)
China’s auto exports up 15.7 pct in first 10 months
BEIJING, Nov. 17 (Xinhua) — China’s automobile exports rose 15.7 percent year on year in the first 10 months of 2025, according to data from the China Association of Automobile Manufacturers.
The country exported over 5.6 million vehicles during the period, the data shows.
Specifically, some 2.01 million new energy vehicles (NEV) were exported, surging 90.4 percent year on year.
In October alone, China’s automobile exports rose 22.9 percent from the same period last year, and its NEV exports soared 99.9 percent.
Photo : An aerial drone photo taken on July 10, 2025 shows vehicles for export at Yantai Port in east China’s Shandong Province. (Photo by Tang Ke/Xinhua)