Economy
မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ၏ စီးပွားရေး တတိယ ၃ လပတ်ကာလအတွင်း ၈ ရာခိုင်နှုန်း တိုးတက်လာ
မကာအို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် တတိယ ၃ လပတ် ကာလအတွင်း တည်ငြိမ်သော တိုးတက်မှုကို ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) သည် အမှန်တကယ် တန်ဖိုးအားဖြင့် ယမန်နှစ်အလားတူ ကာလထက် ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း SAR ၏ စာရင်းအင်းနှင့် သန်းခေါင်စာရင်း ဝန်ဆောင်မှု (DSEC) ဌာနမှ ထုတ်ပြန်ခဲ့သော ပဏာမအချက်အလက်များအရ သိရသည်။အဆိုပါကာလအတွင်း မကာအို၏ GDP သည် ၁၀၃.၈၆ ဘီလီယံ ပါတာကာအထိ ရောက်ရှိခဲ့ကာ ၂၀၁၉ ခုနှစ် အလားတူကာလတွင် စံချိန်တင်ရရှိခဲ့သည့် စီးပွားရေးထုတ်ကုန်တန်ဖိုး၏ ၉၂.၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း DSEC ၏ထုတ်ပြန်ချက်အရ သိရသည်။
မကာအိုဒေသတွင်းသို့ ခရီးသွားဧည့်သည်ဝင်ရောက်လာမှု ၁၃.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ ဝန်ဆောင်မှုလုပ်ငန်းများ၏ စုစုပေါင်းတန်ဖိုးကလည်း ယမန်နှစ်အလားတူကာလထက် ၁၀.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သန်းခေါင်စာရင်းဝန်ဆောင်မှုဌာနက အလေးထားဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ် ပထမ ၃ လပတ်ကာလသုံးခုအတွင်း မကာအို၏ GDP သည် ၄.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပါတာကာ ၃၀၁.၃၃ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် အလားတူကာလအတွင်း စံချိန်တင်ရရှိခဲ့သည့် ၈၈.၄ ရာခိုင်နှုန်းနှင့် ညီမျှခဲ့ကြောင်းလည်း DSEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
—————————
(English Version)
Macao’s economy expands 8 pct in Q3
MACAO, Nov. 1 (Xinhua)
The economy of China’s Macao Special Administrative Region (SAR) maintained steady growth in the third quarter of 2025, with gross domestic product (GDP) up by 8.0 percent year-on-year in real terms, according to preliminary data recently released by the SAR’s Statistics and Census Service (DSEC).
Macao’s GDP in the cited period reached 103.86 billion patacas, the DSEC said, representing 92.6 percent of the economic output recorded in the same period of 2019.
The census service noted that total exports of services increased by 10.5 percent year-on-year, fuelled by a 13.6 percent rise in visitor arrivals.
It also revealed that for the first three quarters of 2025, Macao’s GDP increased by 4.2 percent to 301.33 billion patacas, equivalent to 88.4 percent of the level recorded in the same period of 2019. ■
Photo:
Tourists visit the Ruins of St. Paul’s in south China’s Macao, Dec. 12, 2024. (Xinhua/Zhu Wei)
