Connect with us

Economy

ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို ရယူနိုင်ရေး တရုတ်ပြည်မကြီးက ကူညီမည်ဟု ပြောရေးဆိုခွင့်ရှိသူ ဆို

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ထိုင်ဝမ်၊ ထိုင်ပေမြို့ရှိ Taipei 101 မိုးမျှော်တိုက်ကို Xiangshan တောင်မှ ၂၀၁၉ ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

၁၅ ကြိမ်မြောက် နိုင်ငံအဆင့် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) မှ တင်ပြလာသည့် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများအား ရယူနိုင်ရေးအတွက် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများကို တရုတ်ပြည်မကြီးက ကူညီရန် အသင့်ရှိနေကြောင်း တရုတ်ပြည်မကြီးပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး၏ ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန်းလျန်က တရုတ်ပြည်မကြီးအနေဖြင့် ပေါင်းစည်းဖွံ့ဖြိုးတိုးတက်မှုကို နက်ရှိုင်းစေရေးအတွက် ရေလက်ကြားဖြတ်ကျော် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ရန် မူဝါဒများနှင့် ယန္တရားများကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်း အပါအဝင် ထိုင်ဝမ်ပြည်သူများအနေဖြင့် ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးတို့ကို မြှင့်တင်ရန်အတွက် တရုတ်ပြည်မကြီးနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်သည်ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Mainland to help Taiwan businesses seize development opportunities: spokesperson
BEIJING, Dec. 17 (Xinhua) — The Chinese mainland stands ready to help Taiwan businesses seize development opportunities presented by the 15th national five-year plan (2026-2030), a mainland spokesperson said Wednesday.
Zhu Fenglian, a spokesperson for the State Council Taiwan Affairs Office, said the Chinese mainland will continue to improve policies and mechanisms to boost cross-Strait economic and cultural exchanges and cooperation to deepen integrated development.
She expressed the hope for Taiwan people, including the business community, to work with the mainland to promote cross-Strait peaceful development and advance national reunification. ■
English Caption
Photo taken on July 21, 2019 from Xiangshan Mountain shows the Taipei 101 skyscraper in Taipei, southeast China’s Taiwan. (Xinhua/Zhu Xiang)