Economy
(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) အထူးအကောက်ခွန် လုပ်ငန်းဆောင်ရွက်မှုများ စတင်ပြီးနောက် ဟိုင်နန် FTP က ကွဲပြားစုံလင်၍ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု ရရှိစေမည်ဟု ကျွမ်းကျင်ပညာရှင် ပြောကြား
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ဟိုင်နန်ကျွန်းတစ်ခွင် အထူးအကောက်ခွန် လုပ်ငန်းဆောင်ရွက်မှုများ စတင်ပြီးနောက် တရုတ်နိုင်ငံ၏ တောင်ဘက်အစွန်ဆုံး၌ တည်ရှိသော ဟိုင်နန်ကျွန်းပြည်နယ်သည် ပိုမိုကွဲပြားစုံလင်၍ ပိုမိုအရည်အသွေးမြင့်မားသော စီးပွားရေးဖွဲ့စည်းမှုပုံစံတစ်ခုကို ရရှိရန် အသင့်ရှိနေပြီဖြစ်ကြောင်း တရုတ်စီးပွားရေးပညာရှင် ဟွမ်ဟန့်ချွမ်က ပြောကြားခဲ့သည်။ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် တရုတ်မက်ခရိုစီးပွားရေး သုတေသနအကယ်ဒမီ၏ အကြီးအကဲဖြစ်သူ ဟွမ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ၌ ဟွမ်က အထင်ကရ မူဝါဒများနှင့်ပတ်သက်၍ အလေးပေးပြောကြားခဲ့ကာ ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း (FTP) ၌ အကောက်ခွန်ကင်းလွတ်ခွင့်နှင့် အကျုံးဝင်သော စည်းကြပ်ခွန်စာရင်း အချိုးအစားမှာ ၇၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာမည်ဖြစ်ကာ အသင့်လျော်ဆုံးဖြစ်စေရန် ချိန်ညှိပြင်ဆင်ထားသော စည်းမျဉ်းများနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိစေမည်ဟု ဟွမ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20251217/08b66f71986641a5a4af63447b564940/c.html
……………………………………………….
(English Version)
(China Economic Roundtable) Hainan FTP to see diversified, high-quality growth after special customs operations: expert
BEIJING, Dec. 17 (Xinhua) — China’s southernmost island province of Hainan is poised to gain a more diversified and higher-quality economic structure following the launch of island-wide special customs operations on Thursday, said Huang Hanquan, a Chinese economist.
Huang, head of the Chinese Academy of Macroeconomic Research, made the remarks in the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
During the talk show, Huang highlighted several landmark policies, noting that the share of tariff lines covered by zero-tariff treatment at the Hainan Free Trade Port (FTP) will rise to roughly 70 percent, alongside optimized rules that allow duty-free treatment for value-added processing.
https://english.news.cn/20251217/08b66f71986641a5a4af63447b564940/c.html
English Caption
Guests attend the latest episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Chen Yehua)
