Economy
တရုတ်နိုင်ငံထုတ် Hongqi ဆီဒင်ကား ဇန်နဝါရီမှ နိုဝင်ဘာအထိ ၉.၂ ရာခိုင်နှုန်း ရောင်းအား မြင့်တက်
ချန်ချွမ်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်းကားကုမ္ပဏီ FAW ဂရု(ပ်)က ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း အထင်ကရ Hongqi အမှတ်တံဆိပ်ကားအစီးရေ ၄၂၀,၀၀၀ စီး ရောင်းချခဲ့ရပြီး ယမန်နှစ်အလားတူကာလကထက် ၉.၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဒီဇင်ဘာ ၂ ရက်က ပြောဆိုခဲ့သည်။နိုဝင်ဘာ တစ်လတည်းတွင် အဆိုပါအမှတ်တံဆိပ်ကားရောင်းချရမှုအနေဖြင့် အစီးရေ ၄၀,၀၀၀ ကျော်ရှိခဲ့ပြီး တိုးတက်မှုတည်ငြိမ်စွာတိုးတက်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။ ၎င်း၏စွမ်းအင်သစ်မော်တော်ယာဥ်များ (NEVs) ရောင်းချမှုသည်လည်း ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဥ်ပါက ၆၀.၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ထိပ်တန်းအဆင့်မြင့်ဇိမ်ခံကားအမျိုးအစားခွဲဖြစ်သည့် Hongqi Golden Sunflower ကလည်း တစ်လတာအတွင်း အစီးရေ ၁၀၀ ကျော်အထိရောင်းချနိုင်ခဲ့သည်။
တရုတ်နိုင်ငံ၏ ပထမ ငါးနှစ်စီမံကိန်း (၁၉၅၃-၁၉၅၇) ၏ ဂုဏ်ယူဖွယ်ရာအောင်မြင်မှုတစ်ခုအဖြစ် တရုတ်ဘာသာစကားဖြင့် အနီရောင်အလံဟု အဓိပ္ပာယ်ရသည့် Hongqi ကို ၁၉၅၈ ခုနှစ်တွင် စတင်ပွဲထုတ်ခဲ့သည်။
Hongqi က ကမ္ဘာလုံးဆိုင်ရာမော်တော်ကားအမှတ်တံဆိပ်တစ်ခုအဖြစ် တည်ထောင်ရန်အတွက် အားထုတ်လုပ်ဆောင်မှုများ အရှိန်မြှင့်ရန် စီစဥ်ထားသည်။ လာမည့်ငါးနှစ်တာကာလအတွင်း ၎င်းသည် နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ ကျော်သို့ တင်ပို့ရောင်းချမှု ချဲ့ထွင်ရန်၊ အရောင်းနှင့်ဝန်ဆောင်မှုဆိုင်ခွဲပေါင်း ၁,၀၀၀ ပါဝင်သည့် ကမ္ဘာ့ကွန်ရက်တစ်ခုတည်ဆောက်ရန်နှင့် ကမ္ဘာတစ်ဝန်း NEVs များ၊ စွမ်းအင်ချွေတာသောကားမော်ဒယ်များ၊ ထိပ်တန်းဇိမ်ခံကားမော်ဒယ်များနှင့် ပိုမိုကျယ်ပြန့်သည့် ထုတ်ကုန်မော်ဒယ်များ ချဲ့ထွင်မိတ်ဆက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)
……….
(English Version)
Sales of China’s Hongqi sedan up 9.2 pct in Jan-Nov
CHANGCHUN, Dec. 2 (Xinhua) — China’s leading automaker FAW Group said on Tuesday that its iconic Hongqi brand sold more than 420,000 vehicles in the first 11 months of 2025, marking a year-on-year increase of 9.2 percent.
In November alone, the brand reported sales of over 40,000 vehicles, maintaining its stable growth momentum. Sales of its new energy vehicles (NEVs) surged by 60.8 percent compared to the same period last year. The ultra-luxury sub-brand, Hongqi Golden Sunflower, has once again achieved sales exceeding 100 units in a single month.
Hongqi, meaning “Red Flag” in Chinese, debuted in 1958 as a hallmark achievement of China’s first Five-Year Plan (1953-1957).
Hongqi plans to intensify its efforts to establish itself as a global automotive brand. Over the next five years, it aims to expand its presence to more than 100 countries and regions, build a global network of 1,000 sales and service outlets, and roll out a broader lineup of NEVs, energy-efficient models and ultra-luxury models worldwide.
Photo : A Hongqi car is displayed at the 22nd Changchun International Auto Expo in Changchun, northeast China’s Jilin Province, July 12, 2025. (Xinhua/Yan Linyun)
