Connect with us

Economy

တရုတ်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ နိုဝင်ဘာလတွင် ဆက်လက်တိုးတက်နေဟု အစီရင်ခံ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့ရှိ နင်းပေါ Zhoushan ဆိပ်ကမ်း၌ Ningbo-Wilhelmshaven တိုက်ရိုက်လမ်းကြောင်းတွင် ရွက်လွှင့်မည့် ပထမဆုံးကုန်တင်သင်္ဘော Kawa Ningbo ပေါ်သို့ တင်နေသည့် ကုန်သေတ္တာများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသည် နိုဝင်ဘာလတွင် စီးပွားရေးလုပ်ငန်းများ ဆက်လက်တိုးတက်နေကြောင်း တရုတ်ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူရေးအဖွဲ့ချုပ်မှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။

စီးပွားရေးတက်ကြွမှု၏ အညွှန်းကိန်းတစ်ခုဖြစ်သည့် နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးဈေးကွက်ကို ခြေရာခံသော အညွှန်းကိန်းသည် နိုဝင်ဘာလတွင် ၅၀.၉ ရာခိုင်နှုန်းရှိပြီး ယခင်လထက် ၀.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

စီးပွားရေးပမာဏအညွှန်းကိန်းသည် နိုင်ငံ၏ အလယ်ပိုင်းဒေသများတွင် ၅၁ ရာခိုင်နှုန်းနှင့် အနောက်ပိုင်းဒေသများတွင် ၅၁.၂ ရာခိုင်နှုန်းရှိပြီး ယင်းကိန်းဂဏန်းနှစ်ခုစလုံးသည် အမျိုးသားအဆင့်ထက် မြင့်မားသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသများရှိ စီးပွားရေးပမာဏအညွှန်းကိန်းသည် ၅၀.၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး ယင်းမတိုင်မီလထက် ၀.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

သယ်ယူပို့ဆောင်ရေးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် ပရိဘောဂများ၊ စမတ်အသုံးအဆောင်ပစ္စည်းများ၊ မော်တော်ကားနှင့် မော်တော်ကားအစိတ်အပိုင်းများ ထုတ်လုပ်ရေးကဏ္ဍများတွင် ဝယ်လိုအား ဆက်လက်မြင့်တက်နေကြောင်း တရုတ်နိုင်ငံ ထောက်ပံ့ပို့ဆောင်ရေး သတင်းအချက်အလက်စင်တာမှ တာဝန်ရှိသူ Hu Han က ပြောကြားခဲ့သည်။တရုတ်နိုင်ငံ၏ စီးပွားရေးမျှော်မှန်းချက်အညွှန်းကိန်းသည် လွန်ခဲ့သည့်လက ၅၄.၉ ရာခိုင်နှုန်းတွင် ရပ်တည်ခဲ့ပြီး အခြေအနေ မြင့်မားသောဇုန်တွင် ရှိနေသည်ဟုလည်း အချက်အလက်များက ပြသနေကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China’s logistics sector reports continued expansion in November
BEIJING, Dec. 5 (Xinhua) — China’s logistics sector revealed a continued expansion in business activities in November, according to the latest data released by the China Federation of Logistics and Purchasing.
The index tracking the country’s logistics market — an indicator of economic vitality — stood at 50.9 percent in November, up 0.2 percentage points from the previous month.
The business volume index was 51 percent in the country’s central regions, and 51.2 percent in its western regions, with both figures coming in above the national level. The business volume index in China’s eastern regions hit 50.5 percent, up 0.1 percentage points month on month.
Demand in the transportation equipment, home appliances and furniture, smart devices, and automotive and auto parts manufacturing sectors continued to rally, said Hu Han, an official of the China Logistics Information Center.

The data also shows that China’s business expectations index stood at 54.9 percent last month, remaining in the high-climate zone. ■
English Caption
Containers are loaded onto Kawa Ningbo, the first cargo ship that will sail on the Ningbo-Wilhelmshaven direct route, at Ningbo Zhoushan Port in Ningbo, east China’s Zhejiang Province, Dec. 30, 2024. (Xinhua/Jiang Han)