Connect with us

Economy

(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေး ဆိပ်ကမ်း၌ ကျွန်းတစ်ခွင် သီးခြားလွတ်လပ်သော အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု စတင်ချိန်တွင် စည်းကြပ်ခွန်ကင်းလွတ်မှု အကျိုးခံစားခွင့်များ ပိုမိုကျယ်ပြန့်လာမည်

ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် ဧည့်သည်အဖြစ် ပါဝင်ဆွေးနွေးနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေး ဆိပ်ကမ်း၌ ဟိုင်နန်ကျွန်းတစ်ခွင် သီးခြားလွတ်လပ်သော အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ စတင်ပြီးနောက် စီးပွားရေးလုပ်ငန်းများအတွက် အကောက်ခွန် ကင်းလွတ်ခွင့် မူဝါဒများ၏ အကျိုးသက်ရောက်မှုမှာ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရှိလာမည်ဟု ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် ဧည့်သည်အဖြစ် ပါဝင်ဆွေးနွေးသူများက သုံးသပ်ပြောကြားခဲ့သည်။စီးပွားရေးလုပ်ငန်းများအတွက် ဖွံ့ဖြိုးတိုးတက်မှု အလားအလာမှာ သိသိသာသာ ပိုမိုကျယ်ပြန့်လာမည်ဖြစ်သည်။ ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ကင်းလွတ်ခွင့်ပြုသည့် အတိုင်းအတာမှာ သိသိသာသာ ကျယ်ပြန့်လာမည်ဖြစ်သလို ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ စည်းမျဉ်းများကိုလည်း ထပ်မံဖြေလျှော့သွားမည်ဖြစ်ကာ သွင်းကုန် ကုန်ကျစရိတ်များ လျော့ကျလာမည်ဖြစ်သောကြောင့် ကုမ္ပဏီများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များနှင့် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းချိတ်ဆက်နိုင်မည်ဟု အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ချိုက်ဖိန်က ဆိုသည်။
ဟိုင်နန်ကျွန်းတစ်ခွင်၌ သီးခြားလွတ်လပ်သော အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ စတင်ပြီးနောက် စည်းကြပ်ခွန်ကင်းလွတ်ခွင့်ပြုရေး မူဝါဒအရ အကျိုးခံစားခွင့်ရှိသူများထဲတွင် ပုဂ္ဂလိကမှ လည်ပတ်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းမဟုတ်သော အဖွဲ့အစည်းများ အပါအဝင် ဟိုင်နန်ကျွန်းအနှံ့အပြားရှိ အမှန်တကယ် သွင်းကုန်လိုအပ်ချက်များရှိနေသည့် စီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်းအားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမည်ဟု တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန လက်ထောက်အကြီးအကဲဖြစ်သူ ဝူကျင်းဖောင်းက ပြောကြားခဲ့သည်။
စည်းကြပ်ခွန် ကင်းလွတ်ခွင့်ရရှိမည့် ကုန်ပစ္စည်း အရေအတွက်မှာ ၁,၉၀၀ ခန့်မှ ၆,၆၀၀ ခန့်အထိ တိုးလာမည်ဖြစ်ကာ စည်းကြပ်ခွန်ကောက်ခံသော ကုန်ပစ္စည်းအမျိုးအစား အားလုံး၏ ၇၄ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ချဲ့ထွင်မှုက ယင်းမူဝါဒကြောင့် အကျိုးခံစားခွင့်ရှိသူများအတွက် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဟု ယူဆရကြောင်း ဝူက ဆိုသည်။
ထို့ပြင် အကျိုးခံစားခွင့်ရှိသူများအနေဖြင့် စည်းကြပ်ခွန်ကင်းလွတ်သော ကုန်ပစ္စည်းများနှင့် ဆက်စပ်ထုတ်ကုန်များအား ဖြန့်ချိရာတွင် ကျသင့်မည့် သွင်းကုန်ခွန် ပေးဆောင်ရန်မလိုဘဲ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံရှိ ဟိုင်နန် လွတ်လပ်စွာကုန်သွယ်ရေး ဆိပ်ကမ်း၌ ဟိုင်နန်ကျွန်းတစ်ခွင် သီးခြားလွတ်လပ်သော အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ဒီဇင်ဘာ ၁၈ ရက်၌ တရားဝင် စတင်မည်ဟု သိရသည်။ (Xinhua)
#China #Hainan #FTP #တရုတ်နိုင်ငံ #ဟိုင်နန်ကျွန်း #လွတ်လပ်စွာကုန်သွယ်ရေးဆိပ်ကမ်း
………………………………………………………………………………………
(English Version)
(China Economic Roundtable) Tariff-free benefits to expand when Hainan Free Trade Port launches island-wide independent customs operation
BEIJING, Aug. 8 (Xinhua) — The benefits of zero-tariff policies for businesses will be expanded after the Hainan Free Trade Port launches the island-wide independent customs operation, according to guest speakers on the latest episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
For businesses, development potential will be broadened significantly. The scope of zero-tariff goods will be expanded greatly, import and export regulations will be relaxed further, and import costs will be lowered, enabling companies to better integrate into global industrial and supply chains, said Cai Ping, an official of the National Development and Reform Commission.
Following the launch of the island-wide independent customs operation, zero-tariff policy beneficiaries will broadly include all enterprises and institutions across the island with actual import needs, including privately run non-enterprise entities, said Wu Jingfang, deputy head of the tariff department of the Ministry of Finance.
The number of zero-tariff goods will increase from about 1,900 items to approximately 6,600, accounting for 74 percent of all tariff categories. This expansion is expected to reduce production costs further for eligible beneficiaries, Wu said.
Additionally, the circulation of zero-tariff goods and related processed products will be permitted among eligible beneficiaries without incurring import taxes, Wu noted.
China’s Hainan Free Trade Port will launch the island-wide independent customs operation officially on Dec. 18. ■
English Caption
Guests attend the latest episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Chen Yehua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.