Economy
(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံးနှင့် အပြည့်စုံဆုံး အဏ္ဏဝါရေကြောင်းလုပ်ငန်းစနစ် တည်ဆောက်ပြီးဖြစ်ဟု တာဝန်ရှိသူ ပြောကြား

ပေကျင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အဏ္ဏဝါရေကြောင်းလုပ်ငန်းစနစ်မှာ နှစ်အတန်ကြာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးနှင့် အပြည့်စုံဆုံးအဖြစ် တည်ဆောက်ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မာဝေချန်က ပြောကြားခဲ့သည်။ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလော ထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် ပါဝင်ဆွေးနွေးရာ၌ မာက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကနဦး စာရင်းအရ တရုတ်နိုင်ငံ၌ အဓိက အဏ္ဏဝါရေကြောင်းလုပ်ငန်း ၁၅ ခုရှိကြောင်း ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။တရုတ်နိုင်ငံ၏ စုစုပေါင်း အဏ္ဏဝါရေကြောင်းထုတ်ကုန် ပမာဏမှာ ၂၀၂၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ယွမ် ၁၀ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံခန့်) ရှိလာခဲ့ကာ ၂၀၁၂ ခုနှစ်က စာရင်းသွင်းခဲ့သည့် ပမာဏထက် နှစ်ဆကျော်ရှိလာခဲ့သည်ဟု မာက အလေးအနက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ အဏ္ဏဝါရေကြောင်းလုပ်ငန်းများမှာ အံ့မခန်းလောက်အောင် အရှိန်အဟုန်ကောင်းမွန်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီများမှာ ပြီးမြောက်သည့် ပမာဏ၊ အမှာစာအသစ်များနှင့် လက်ကျန်အမှာစာ စုစုပေါင်း စသည့် သမားရိုးကျ စံအတိုင်းအတာ သုံးခုစလုံးတွင် ကမ္ဘာ့ထိပ်ဆုံးနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ယင်းစံအတိုင်းအတာ သုံးခုစလုံးတွင် ကမ္ဘာ့ဈေးကွက်ဝေစု၏ ထက်ဝက်ကျော်ကို ရယူထားကာ အမှာစာအသစ် သီးသန့်မှာပင် ၇၀ ရာခိုင်နှုန်းကျော် ရှိနေသည်ဟု မာက ဆိုသည်။
တရုတ်နိုင်ငံ၏ အဏ္ဏဝါဂေဟဗေဒ ပတ်ဝန်းကျင်မှာ ဆက်လက်၍ တိုးတက်ကောင်းမွန်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ ကမ်းရိုးတန်းရေပြင် ဧရိယာ ၈၃.၇ ရာခိုင်နှုန်းမှာ ၂၀၂၄ ခုနှစ်တွင် စံနှုန်းအရည်အသွေး ကောင်းမွန်သောအဆင့်မှ အလွန်ကောင်းမွန်သောအဆင့်နှင့် ပြည့်မီခဲ့ကာ ၂၀၁၈ ခုနှစ်ကထက် ၁၂.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း မာက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
#China #MarineIndustry #တရုတ်နိုင်ငံ #အဏ္ဏဝါရေကြောင်းစက်မှုလုပ်ငန်း
…………………………………………………………………..
(English Version)
(China Economic Roundtable) China boasts world’s largest, most comprehensive marine industrial system: official
BEIJING, Aug. 13 (Xinhua) — China now boasts the world’s largest and most comprehensive marine industrial system after years of development, said Ma Weichen, an official with the National Development and Reform Commission.
Ma made the remarks on the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
The preliminary count shows that China already has all 15 major marine industries, the official added.
In 2024, China’s gross ocean product surpassed 10 trillion yuan (about 1.4 trillion U.S. dollars) for the first time, more than double the figure recorded in 2012, Ma noted.
China’s marine industries are gaining remarkable momentum. In 2024, Chinese shipbuilders topped globally in all three traditional metrics — completion volume, new orders and order backlog — each holding more than half of the global market share, with new orders alone exceeding 70 percent, according to Ma.
China’s marine ecological environment continues to improve. In 2024, 83.7 percent of China’s coastal waters met the “good to excellent” quality standard, up 12.4 percentage points from 2018, Ma added. ■
English Caption
This aerial drone photo taken on July 8, 2025 shows container ships entering Qingdao Port in Qingdao, east China’s Shandong Province. (Photo by Zhang Jingang/Xinhua)