Connect with us

Economy

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံထံမှ BiH နိုင်ငံ၏ မော်တော်ယာဉ်တင်သွင်းမှု ၈၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ITA ထုတ်ပြန်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၌ စွမ်းအင်သစ်ကား AVATR အတွက် China Changan Automobile Group ကားကုမ္ပဏီ၏ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာအသုံးပြု‌လည်ပတ်သည့် စက်ရုံ မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆာရာ‌ယေဗို၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားနိုင်ငံ (BiH) ၌ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံမှ မော်တော်ယာဉ်တင်သွင်းမှုမှာ ၈၇ ရာခိုင်နှုန်းခန့် သိသိသာသာ မြင့်တက်လာကြောင်း BiH ၏ သွယ်ဝိုက်အခွန်ကောက်ခံရေးအာဏာပိုင်အဖွဲ့ (ITA) မှ ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ မော်တော်ယာဉ်အစီးရေ စုစုပေါင်း ၆၈၂ စီး တင်သွင်းခဲ့ပြီး ယင်းတင်သွင်းမှု၏ စုစုပေါင်းတန်ဖိုးမှာ ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားငွေကြေးဖြစ်သည့် ‘convertible mark (ပြောင်းလဲနိုင်သော မာ့က်)’ ၁၄.၅၉ သန်း (အမေရိကန်ဒေါ်လာ ၈.၈၆ သန်း) ရှိကြောင်း ITA မှ ထုတ်ပြန်ခဲ့သည်။

ထိုကိန်းဂဏန်းမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသည့် တိုးတက်မှုဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်တွင် BiH သည် တရုတ်နိုင်ငံမှ မော်တော်ယာဉ်အစီးရေ ၃၆၄ စီး တင်သွင်းခဲ့ပြီး ‘convertible mark’ ၇.၀၈ သန်း တန်ဖိုးရှိသည်။တင်သွင်းမှုတိုးတက်လာခြင်းမှာ ပိုမိုယှဉ်ပြိုင်နိုင်သော ဈေးနှုန်း၊ လျှပ်စစ်နှင့် ဟိုက်ဘရစ် မော်ဒယ်အမျိုးအစားပမာဏ များပြားလာမှုနှင့် တရုတ်ထုတ်လုပ်သူများနှင့် ဒေသခံဖြန့်ဖြူးသူများအကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
BiH vehicle imports from China up 87 pct in 2025: ITA
SARAJEVO, Feb. 9 (Xinhua) — Bosnia and Herzegovina (BiH) recorded a sharp rise of about 87 percent in vehicle imports from China in 2025, according to data released on Monday by the Indirect Taxation Authority (ITA) of BiH.
During 2025, a total of 682 vehicles were imported from China, with a combined value of 14.59 million convertible marks (8.86 million U.S. dollars), the ITA said.
The figure marks a significant increase compared with previous years. In 2024, BiH imported 364 vehicles from China, valued at 7.08 million convertible marks.
Experts noted that the growth in imports is driven by more competitive pricing, the expanding range of electric and hybrid models, and closer cooperation between Chinese manufacturers and local distributors. (1 Bosnian convertible mark = 0.61 U.S. dollar) ■
English Caption
This photo taken on July 28, 2025 shows a view of China Changan Automobile Group’s digital and intelligent factory for the new energy vehicle AVATR in southwest China’s Chongqing Municipality. (Xinhua/Chen Cheng)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.