Economy
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးကဏ္ဍက ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်း
ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းက အဓိကညွှန်းကိန်းသုံးခုအရ ကမ္ဘာ့အကြီးဆုံးဈေးကွက်ဝေစုကို ၁၆ နှစ်ဆက်တိုက်အဖြစ် ၂၀၂၅ ခုနှစ်တွင် ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ပြီးစီးမှုပမာဏအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ယင်းသင်္ဘောများက အများဆုံးတင်ဆောင်နိုင်သည့် စုစုပေါင်းသယ်ဆောင်နိုင်သောအလေးချိန် တန်ချိန် (DWT) ၅၃.၆၉ သန်းအထိ ရှိခဲ့ပြီး ယင်းမှာ ၂၀၂၄ ခုနှစ်ကထက် ၁၁.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း DWT ၏ ၅၆.၁ ရာခိုင်နှုန်း ရှိသည်။၂၀၂၅ ခုနှစ်က သင်္ဘောမှာယူမှုအသစ်များက DWT ၁၀၇.၈၂ သန်းအထိ ရှိခဲ့ပြီး ကမ္ဘာ့ဈေးကွက်၏ ၆၉ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ထိုက်ကျိုးမြို့ရှိ သင်္ဘောတည်ဆောက်ရေးစခန်း၌ ဆောက်လုပ်ဆဲ သင်္ဘောကြီးများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကျိုကျန်းမြို့ရှိ Duchang Shipyard ကုမ္ပဏီလီမိတက်၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းခွင်၌ သင်္ဘောတစ်စင်းအား ဆေးသုတ်နေသည့် အလုပ်သမားတစ်ဦးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် နန်ထုန်းမြို့ရှိ COSCO လက်အောက်ရှိ ကုမ္ပဏီတစ်ခုမှ ပြုပြင်ထားသည့် ဂရိသင်္ဘောတစ်စင်း ခုတ်မောင်းနေပုံကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂ ရက် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ထိုက်ကျိုးမြို့ရှိ Yangzijiang Shipbuilding Group မှ လွတ်လပ်စွာဖန်တီးတည်ဆောက်ထားသည့် အလွန်ကြီးမားသော ကုန်တင်သေတ္တာတင်သင်္ဘောကြီးအား ယန်ဇီမြစ်တစ်လျှောက် ဆွဲသင်္ဘောများဖြင့် ဆွဲယူလာပုံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကဏ္ဍမှ လက်ရှိလက်ခံဆောင်ရွက်ပေးလျက်ရှိသော မှာယူမှုများအနေဖြင့် DWT ၂၇၄.၄၂ သန်းရှိပြီး ၂၀၂၄ ခုနှစ်ကထက် ၃၁.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၎င်းပမာဏက ကမ္ဘာ့ဈေးကွက်ဝေစု၏ ၆၆.၈ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ (Xinhua)
#China #Shipbuilding #တရုတ်နိုင်ငံ #သင်္ဘောတည်ဆောက်ရေး
————————-
China’s shipbuilding sector maintains global lead in 2025
BEIJING, Feb 3. (Xinhua)
China’s shipbuilding industry maintained the world’s largest market share in terms of three major indicators for the 16th consecutive year in 2025, according to data released by the Ministry of Industry and Information Technology on Sunday.
The country’s shipbuilding output reached 53.69 million deadweight tonnes (DWT) in 2025, up 11.4 percent year on year and accounting for 56.1 percent of the global total.
New orders reached 107.82 million DWT last year, representing a 69 percent share of the global market.
As of the end of December 2025, the sector’s holding orders stood at 274.42 million DWT, up 31.5 percent from the previous year. This volume accounted for 66.8 percent of the global market share. ■
English Caption 1
An aerial drone photo taken on Jan. 3, 2026 shows a shipbuilding site of Duchang Shipyard Co., Ltd. in Jiujiang, east China’s Jiangxi Province. (Photo by Fu Jianbin/Xinhua)
English Caption 2
A drone photo shows large ships under construction at a shipbuilding base in Taizhou, east China’s Jiangsu Province, Feb. 2, 2026. (Photo by Zhou Shegen/Xinhua)
English Caption 3
A worker paints a vessel at a shipbuilding site of Duchang Shipyard Co., Ltd. in Jiujiang, east China’s Jiangxi Province, Jan. 3, 2026. (Photo by Fu Jianbin/Xinhua)
English Caption 4
A drone photo taken on Jan. 2, 2026 shows a Greek vessel repaired by a company under COSCO setting sail in Nantong, east China’s Jiangsu Province. (Photo by Xu Congjun/Xinhua)
English Caption 5
A drone photo taken on Dec. 27. 2025 shows an ultra-large container ship, independently developed and built by Yangzijiang Shipbuilding Group, being towed by tugboats along the Yangtze River in Taizhou, east China’s Jiangsu Province. (Photo by Gu Jihong/Xinhua)
