Connect with us

Economy

တရုတ်နိုင်ငံက WTO ၏ E-commerce သဘောတူညီချက်ဆိုင်ရာ ယာယီအစီအစဉ်များကို ကြိုဆိုဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်း ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးမှ လမ်းညွှန်မူဝါဒများနှင့် စပ်လျဉ်း၍ CPC ဗဟိုကော်မတီက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၉ ရက် (ဆင်ဟွာ)

မတ် ၂၈ ရက်၌ ကြေညာခဲ့သည့် ယာယီအစီအစဉ်များနှင့်အတူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အီလက်ထရွန်းနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်မှု (e-commerce) ဆိုင်ရာ သ‌ဘောတူညီချက် ကျင့်သုံးမှုအပေါ် ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝမ်ဝန်ထောင်းက ပြောကြားခဲ့သည်။WTO ၏ အီလက်ထရွန်းနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ သဘောတူညီချက် (E-Commerce သဘောတူညီချက်) က ဒစ်ဂျစ်တယ် ကုန်သွယ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းများကို သတ်မှတ်ပေးခဲ့ရာ ပိုမိုလွှမ်းခြုံမှုရှိ၍ ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ဝမ်က လက်ရေးဖြင့်ရေးသားထားသည့် မှတ်ချက်၌ အလေးထားဖော်ပြခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အမှတ်တံဆိပ်အား ၂၀၂၃ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အဆိုပါ သဘောတူညီချက်အား အချိန်ကိုက် အကောင်အထည်ဖော်ခြင်းကို ထောက်ခံအားပေးလျက်ရှိသလို အနာဂတ် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး စည်းမျဉ်းများကို ပုံဖော်ရာတွင်လည်း WTO အနေဖြင့် ပိုမိုအားကောင်းသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

WTO ၏ e-commerce ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများကို ပူးတွဲစီစဉ်ကျင်းပသော နိုင်ငံများဖြစ်သည့် ဩစတြေးလျ၊ ဂျပန်နှင့် စင်ကာပူတို့က ကင်မရွန်းနိုင်ငံ မြို့တော် ယောင်အွန်ဒေးတွင် မတ် ၂၈ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန်ကာ E-Commerce သဘောတူညီချက်ဆိုင်ရာ ယာယီအစီအစဉ်များ သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ယာယီအစီအစဉ်များက E-Commerce သဘောတူညီချက်ကို အသက်သွင်းမည့် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးမည် ဖြစ်သကဲ့သို့ ယင်းအား WTO ၏ ဥပဒေစည်းမျဉ်း မူဘောင်ထဲသို့ ပေါင်းစပ်ထည့်သွင်းရေးကိုလည်း ဆက်လက် ရှေးရှုလုပ်ဆောင်လျက်ရှိသည်ဟု မတ် ၂၈ ရက်က ကျင်းပသည့် ၁၄ ကြိမ်မြောက် WTO ဝန်ကြီးအဆင့် ဆွေးနွေးပွဲ (MC14) ၌ တရုတ်နိုင်ငံ အပါအဝင် WTO အဖွဲ့ဝင် ၆၆ နိုင်ငံက ကြေညာခဲ့သည်။

WTO အဖွဲ့ဝင်နိုင်ငံ ၄၅ နိုင်ငံက လက်ခံသဘောတူကြောင်း တရားဝင် အကြောင်းကြားလွှာ တင်သွင်းခဲ့ပြီးနောက် မကြာသေးမီနှစ်များအတွင်း WTO အတွက် အထင်ကရ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် E-Commerce သဘောတူညီချက်မှာ သဘောတူလက်ခံထားသည့် အဖွဲ့ဝင်နိုင်ငံများအတွက် စတင်အသက်ဝင်လာမည်ဟု ပူးတွဲကြေညာချက်အရ သိရသည်။ (Xinhua)
………………………………………………..
(English Version)
China welcomes WTO interim arrangements on e-commerce agreement: commerce minister
BEIJING, March 28 (Xinhua) — Chinese Commerce Minister Wang Wentao has expressed support for the adoption of the World Trade Organization (WTO) agreement on e-commerce with interim arrangements announced on Saturday.
In his written remarks, Wang highlighted that the WTO Agreement on Electronic Commerce (E-Commerce Agreement) establishes global rules for digital trade, which will effectively promote more inclusive and sustainable digital growth.
China supports the timely implementation of the agreement and hopes WTO can play a greater role in shaping digital trade rules in the future, Wang added.
On Saturday, the co-conveners of the WTO negotiations on e-commerce — Australia, Japan, and Singapore — issued a joint statement in Yaounde, the capital of Cameroon, announcing the establishment of interim arrangements for the E-Commerce Agreement.
At the 14th WTO Ministerial Conference (MC14) on Saturday, 66 WTO members, including China, announced that the interim arrangements would provide a pathway to bring the E-Commerce Agreement into force, while continuing to work towards its incorporation into the WTO legal framework of rules.
The E-Commerce Agreement, a significant milestone for the WTO in recent years, will enter into force for those members that have accepted it, after 45 members have deposited their instruments of acceptance, according to the joint statement.
English Caption 1
China’s Commerce Minister Wang Wentao speaks at a press conference held by the Communist Party of China (CPC) Central Committee on the guiding principles from the fourth plenary session of the 20th CPC Central Committee on Oct. 24, 2025. (Xinhua/Jin Liangkuai)
English Caption 2
A logo of the World Trade Organization (WTO) is seen in Geneva, Switzerland, on April 5, 2023. (Xinhua/Lian Yi)