ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ 5G ဖုန်းများ တင်ပို့ရောင်းချမှု ပမာဏသည် အလုံးရေ ၂၆၆ သန်းရှိခဲ့ပြီး မိုဘိုင်းလ်ဖုန်းဈေးကွက်ကို ဆက်လက် လွှမ်းမိုးထားနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ (CAICT) မှ ထုတ်ပြန်သော အချက်အလက်များ...
ကူမင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရထားလမ်းဆောက်လုပ်ရေး ခွန်းလွင်ရင်းနှီးမြှုပ်နှံမှုအုပ်စုမှ ရင်းနှီးမြှုပ်နှံပြီး ဖောက်လုပ်ထားသည့် ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းသစ်သည် ဇန်နဝါရီ ၂၁ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းအဝေးပြေးလမ်း ဖွင့်လှစ်ခြင်းသည် ယူနန်ပြည်နယ်၏ အရှေ့-အနောက် စင်္ကြံ လမ်းကြောင်း၏ ကူမင်း-ချူရှုန် အမြန်အဝေးပြေးလမ်းတွင် ဖြစ်ပေါ်သည့် ယာဉ်ကြောပိတ်ဆို့မှုကို...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းထန်းသော မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီ၊ မီးတောင်ပြာကျဆင်းမှု စသည့် အန္တရာယ်များ ဖြစ်ပေါ်ခဲ့ရာ ၎င်းဖြစ်ရပ်သည် တွန်ဂါနိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးသော သဘာဝဘေးအန္တရာယ် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် တွန်ဂါနိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှု ငွေကြေးအကူအညီအနေဖြင့် အမေရိကန်ဒေါ်လာ...
ပေကျင်း၊ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ၂၀၂၁ခုနှစ်အတွင်း တရုတ်နိုင်ငံက ပြည်ပသို့ ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများသည် တည်ငြိမ်စွာတိုးတက်လျက်ရှိကြောင်းတရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ စုကြွယ်ထင်က ဇန်နဝါရီ၂၀ရက်တွင်ပြောကြားခဲ့သည်။ လုပ်ငန်းကဏ္ဍအားလုံး၏ပြည်ပသို့တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုပမာဏသည်တရုတ်ယွမ်ငွေ၉၃၆.၆၉ဘီလီယံရှိရာယမန်နှစ် အလားတူကာလထက်၂.၂ရာခိုင်နှုန်းတိုးတက်လာကြောင်းသိရသည်။ ယင်းနေ့၌ကျင်းပသောစီးပွား/ကူးသန်းဝန်ကြီးဌာန၏အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်စုကြွယ်ထင်က၂၀၂၁ခုနှစ်တွင်တရုတ်နိုင်ငံကBRIလမ်းကြောင်းတစ်လျှောက်နိုင်ငံများသို့ ငွေရေးကြေးရေးဏ္ဍမဟုတ်သောတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုသည်အမေရိကန်ဒေါ်လာ၂၀.၃ ဘီလီယံရှိပြီးကာလတူထက်၁၄.၁ရာခိုင်နှုန်းတိုးတက်လာရာအိမ်ရှင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အပြုသဘောအကျိုးဖော်ဆောင်ခဲ့သည်။ အသစ်ချုပ်ဆိုသောစာချုပ်၌အမေရိကန်ဒေါ်လာသန်း၁၀၀ကျော်ရှိသည့်စီမံကိန်း၅၆၀ရှိရာပြီးခဲ့သည့်နှစ်က၄၆ခု မြင့်တက်လာကြောင်း၊အဓိကအားဖြင့်လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးစသည့်အခြေခံအဆောက်အအုံကဏ္ဍများတွင်ဖြစ်ရာအပြန်အလှန်ချိတ်ဆက်ဆက်သွယ်မှုတစ်ဆင့်တိုးမြှင့်ရေးအတွက်အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း သိရသည်။ “ပြည်ပရှိကုန်သွယ်ရေးဇုန်တည်ဆောက်မှုတွေမှာသိသိသာသာအောင်မြင်ထိရောက်မှုရှိခဲ့တယ်”ဟုစုကြွယ်ထင်ကပြောသည်။၂၀၂၁ခုနှစ်နှစ်ကုန်ပိုင်းအထိစီးပွား/ကူးသန်းဝန်ကြီးဌာနစာရင်းများသို့ထည့်သွင်းသောပြည်ပရှိကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဒေသများကနိုင်ငံပေါင်း၄၆ကျော်တွင်ဖြန့်ကျက်တည်ရှိနေရာရင်းနှီးမြုပ်နှံမှုစုစုပေါင်းအမေရိကန်ဒေါ်လာ၅၀.၇ဘီလီယံရှိပြီးအိမ်ရှင်နိုင်ငံသို့အခွန်ပေးဆောင်မှု ၆.၆ဘီလီယံ၊ ဒေသန္တရအတွက်အလုပ်အကိုင်ဖန်တီးမှု၃၉၂,၀၀၀ရှိခဲ့ပြီးအပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ဘုံအကျိုးစီးပွားတူညီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အားကောင်းစွာမြှင့်တင်ပေးခဲ့သည်ဟု ဆိုသည်။ (Xinhua)...
ကျိန့်ကျိုး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၏ သွင်းကုန်နှင့် ပို့ကုန်မှာ ယမန်နှစ်က ယွမ် ၈၂၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၉ ဘီလီယံခန့်) ရှိခဲ့ကြောင်း ကျိန့်ကျိုး အကောက်ခွန်အရ သိရသည်။ ဟဲနန်ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ ပထမဆုံးအကြိမ်အဖြစ် ယွမ် ၈၀၀...
ကျိနန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်သည် ၂၀၂၁ ခုနှစ်အတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံနှင့် ဒေသများနှင့် ပြည်ပကုန်သွယ်မှု၌ တိုးတက်မှုအားကောင်းလျက်ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ချုံချင့်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) တရုတ်-စင်ကာပူ (ချုံချင့်) သရုပ်ပြစီမံကိန်းအောက်တွင် ၂၀၂၁ ခုနှစ် နှစ်မကုန်မီအထိ မဟာဗျူဟာမြောက် ကွန်ရက်ချိတ်ဆက်မှုအရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်း စုစုပေါင်း ၁၆၂ ခု လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းက စုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၂၃၈.၂၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၇.၄ ဘီလီယံခန့်) အား ခွင့်ပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် အဆင့်သစ်သို့ တစ်ဖန်ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် ကုန်သွယ်မှုပမာဏသည် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၆ ထရီလီယံ ကျော်လွန်ခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း တရုတ်နိုင်ငံအကောက်ခွန် ရုံးချုပ်မှ ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်သော...
ချိန်တူး၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အင်တာနက်တွင် ရေပန်းစားကျော်ကြားလာသူတစ်ဦးကြောင့် ဒေသတွင်းမြင်းစီးပြိုင်ပွဲနှင့် အပန်းဖြေခရီးသွားလုပ်ငန်းအား ပံ့ပိုးကူညီရန် တရုတ်နိုင်ငံမြင်းစီးလုပ်ငန်းအဖွဲ့ (CHIA) က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်း ပြည်နယ်ရှိ Litang ကောင်တီနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြေင်း သိရသည်။ အသင်းအနေဖြင့် ၎င်းကောင်တီအတွက်...