ချုံချင့်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှ ထွက်ခွာလာသော ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့သို့ စက်တင်ဘာ ၂၃ ရက်က ရောက်ရှိလာခဲ့သည်။ အဆိုပါ ရထားသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ရထားလမ်းဝန်ဆောင်မှုအသစ် စတင်ခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။
ကူမင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သည် ယခုနှစ် ပထမရှစ်လတွင် ကုန်သွယ်ရေး တိုးတက်မှု အားကောင်းခဲ့ကြောင်း သိရသည်။ ယူနန်ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းသည် ဇန်နဝါရီလမှ ဩဂုတ်လအထိ ယွမ် ၁၉၉.၀၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀.၈ ဘီလီယံခန့်) ရှိခဲ့ရာ...
ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) အဖွဲ့ဝင် အခြားနိုင်ငံများနှင့်အတူ ကုန်သွယ်ရေးသဘောတူညီချက်အား လျာထားသည့်အတိုင်း အသက်ဝင်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) က စက်တင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)...
ချုံချင့်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်က ဗီယက်နမ်နိုင်ငံနှင့် အဝေးပြေးလမ်းအခြေပြု နယ်စပ်ဖြတ်ကျော်ကုန်တင်လမ်းကြောင်းအသစ်အား စတင်လိုက်ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဩဂုတ်လကုန်အထိ 5G အခြေစိုက်စခန်းအရေအတွက် ၄၅,၇၀၀ အထိ ရှိလာပြီဖြစ်ကြောင်းနှင့် 5G အသုံးပြုသူ အရေအတွက်မှာလည်း ၁၂ သန်းကျော်ရှိကြောင်း ဒေသဆိုင်ရာကွန်ဖရင့်၌ စက်တင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု(FAI)သည် ယခုနှစ် ပထမ(၈)လကြာကာလတွင် လွန်ခဲ့သည့်နှစ်ကာလတူများထက် (၈.၉)ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို(NBS)၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
နန်နင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခဲ့သော လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အကြာကတည်းက တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် နယ်ပယ်စုံတွင် အကျိုးအမြတ်ရှိသော ရလဒ်များဖြင့် ချိတ်ဆက်လက်တွဲလျက် ရှေ့ဆက်လာခဲ့ရာ အာရှ-ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွမှုအရှိဆုံး စံပြပုံစံဖြစ်လာခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) Canton ပြပွဲဟုလူသိများသော ၁၃၀ ကြိမ်မြောက် တရုတ်သွင်းကုန်နှင့် ထုတ်ကုန်ပြပွဲအား အော့ဖ်လိုင်း (offline) ပုံစံဖြင့် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း စီစဉ်သူများက စက်တင်ဘာ ၁၄ ရက်တွင်ပြောသည်။ တရုတ်နိုင်ငံ၏တောင်ပိုင်း ကွမ်တုန်းပြည်နယ်၌ လာမည့်လတွင် စတင်ကျင်းပမည့် ယင်းပြပွဲအား အွန်လိုင်း (online)...
နန်နင်း၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်မှစ၍ (၄)ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်တည်ဆောက်ခြင်း၊ တရုတ်နိုင်ငံနှင့်အာဆီယံ အပြန်အလှန်အားဖြင့် အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာခြင်း၊ ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု(RCEP)အား တရားဝင် သဘောတူလက်မှတ်ထိုးနိုင်ခြင်းတို့နှင့်အတူ (၁၈)နှစ်ကာလအတွင်း ဝန်ဆောင်မှုလွတ်လပ်သောကုန်သွယ်ရေးဇုန်မှ အဆင့်မြင့်တည်ဆောက်ရေးအတွက် အထောက်အပံ့ဖြစ်လာခဲ့သည်။...
နန်နင်း ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းမြို့၌ ကျင်းပပြုလုပ်သည့် ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နှင့် တစ်ပြိုင်တည်း ပြုလုပ်သော တရုတ်-အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးတို့သည် စက်တင်ဘာ ၁၃...