Connect with us

Economy

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အား အထောက်အပံ့ဖြစ်စေမည့်ပွဲများ ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ကျင်းပမည်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ နန်နင်း နိုင်ငံတကာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင် ၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ ဖိလစ်ပိုင်နိုင်ငံမှ အနုပညာရှင်များ တင်ဆက်ပြသနေစဉ် (ဆင်ဟွာ)

နန်နင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) အား အထောက်အပံ့ဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးမြှင့်တင်မှု ဆောင်ရွက်ချက်များစွာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြပွဲ၏ အတွင်းရေးမှူးရုံးက နိုဝင်ဘာ ၁၉ ရက်က ပြောကြားခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပြပွဲဧရိယာ တစ်ခုပါဝင်မည်ဖြစ်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် အပါအဝင် RCEP အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသကြမည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူး ဝမ်လဲ့က ပြောခဲ့သည်။

ကုန်စည်ပြပွဲအတွင်း အဆင့်မြင့်ဆွေးနွေးမှုများလည်း ပြုလုပ်သွားခြင်းဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်ရေး၌ RCEP အဖွဲ့ဝင်နိုင်ငံများ ပိုမိုပါဝင်လာနိုင်ရေး မြှင့်တင်သွားမည် ဖြစ်ကြောင်း ဝမ်က ဆိုသည်။

ထို့ပြင် အဆိုပါပြပွဲသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများ၏ ဈေးကွက်အကျိုးအမြတ်များနှင့် အရင်းအမြစ်များကို အခြားသော RCEP အဖွဲ့ဝင် လေးနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုငွေကြေးနှင့် နည်းပညာအကျိုးကျေးဇူးများနှင့် ပေါင်းစည်းရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

၂၀၀၄ ခုနှစ်က စတင်ကျင်းပခဲ့သော အဆိုပါပြပွဲသည် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် နှစ်ဘက်ဆက်ဆံရေး မြှင့်တင်မှုအတွက် အရေးပါသောပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.