Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အနောက်မြောက်ဘက် တွင် ကူးစက်ရောဂါကြောင့် ၄ ကောင်မြောက် ပန်ဒါ သေဆုံး

တရုတ်နိုင်ငံရှိ ရှားပါး တိရိစ္ဆာန် ပန်ဒါ ဝက်ဝံကို တွေ့ရစဉ် (ဆင်ဟွာ)

ရှီအန်း ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

အနောက်မြောက်ဘက် ဆန်ရှီး ( Shanxi ) စီရင်စု တွင် ၄ ကောင်မြောက် ဧရာမ ပန်ဒါကြီး သည် ခွေးပန်းနာ ရောဂါဖြင့် ဖေဖော်ဝါရီလ ၄ ရက်တွင် သေဆုံးသွားခဲ့သည်။

အသက် (၆) နှစ်အရွယ် ပန်ဒါ ဖန်းဖန်း သည် ဆေးကုသမှု ခံယူပြီးနောက် နှလုံးရပ် သေဆုံးခဲ့သည်ဟု ရှားပါး တိရိစ္ဆာန်များ မွေးမြူရေးနှင့် သုတေသန ဌာနမှ ပြောကြားခဲ့သည်။

ထိုကူးစက်ရောဂါသည် ခွေးများ၊ ကြောင်ကြီးများတွင် လည်း ကူးစက်ပျံ့ပွားခဲ့သည်။ ဖန်းဖန်း ၏ ရောဂါ ကို ဒီဇင်ဘာလ ၆ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဇန်နဝါရီလ ၈ ရက်တွင် စတင်၍ မေ့မြောသွား ခဲ့သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလကစပြီး ကူးစက်ရောဂါဖြင့် ၃ ကောင်မြောက် ပန်ဒါသည် သေဆုံး ခဲ့သည်။ ဧရာမ ပန်ဒါကြီးသည် ကမ္ဘာတွင် မျိုးပြုန်းနိုင်သည့် အန္တရာယ်ရှိသည့် မျိုးနွယ် ဖြစ်သည်။ စီချွမ်တောင်ပေါ်တွင် တောရိုင်းတိရစ္ဆာန်ပေါင်း (၁,၆၀၀) ခန့်နေထိုင်ပြီး တရုတ်ပြည်၏ အနောက်တောင်ဘက်တွင် တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဧရိယာအတွင်း တိရိစ္ဆာန်ပေါင်း ၅၀၀ ကျော်ရှိသည်။ (Xinhua)