Environment, Disasters & Accidents
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လေယာဉ်ပျက်မှုအတွက်ပါကစ္စတန်သမ္မတထံ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပြီးခဲ့သော ဒီဇင်ဘာလ ၇ ရက်က ပါကစ္စတန်နိုင်ငံ၌ လူပေါင်း ၄၈ ဦး အသက်သေဆုံးခဲ့ရသည့် လေယာဉ်ပျက်မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်ကို ပါကစ္စတန်နိုင်ငံသမ္မတ Mamnoon Hussain ထံ ဒီဇင်ဘာလ ၈ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
လေယာဉ်ပျက်ကျမှု သတင်းဆိုးအတွက် တုန်လှုပ်ခြောက်ခြားမိကြောင်း ၊ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် ပါကစ္စတန်နိုင်ငံတကာလေကြောင်းလိုင်း(PIA) ပေါ်လိုက်ပါသွားကြသည့် ခရီးသည်အားလုံး နှင့် လေယာဉ်အမှုထမ်းအားလုံး အသက်ဆုံးရှုံးခဲ့ရကြောင်း ရှီ၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများကိုယ်စား လေယာဉ်ပျက်ကျမှုတွင်သေးဆုံးသွားရသူများ၏ မိသားစုဝင်များအား စာနာထောက်ထားမိကြောင်း ရှီက ဆိုသည်။
အဆိုပါ ကြေကွဲဖွယ်အဖြစ်ဆိုးအတွက် ပါကစ္စတန်ပြည်သူများနှင့်အတူ တရုတ်ပြည်သူများက အတူတကွရပ်တည်ပေးနေမည်ဖြစ်ကြောင်း ရှီ ကဆက်လက်ပြောကြားခဲ့သည်။
PIA လေယာဉ်သည် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Havelian ဒေသ၌ ဒီဇင်ဘာလ ၇ ရက်က ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၄၈ ဦးစလုံး အသက်သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)