Connect with us

Environment, Disasters & Accidents

ကျောက်တံတားမြို့နယ်ရှိ ၈လွှာလူနေတိုက်ခန်း ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်း

ကျောက်တံတားမြို့နယ်ရှိ ၈လွှာလူနေတိုက်ခန်း မီးလောင်ကျွမ်းနေစဉ်(ဓာတ်ပုံ- Yangon Police)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ကျောက်တံတားမြို့နယ်၊၉ ရပ်ကွက်၊ လမ်း ၄၀၊ အလယ်ဘလောက်ရှိ အမှတ်(၁၇၂)၊ ၈ထပ်တိုက်၊ ၈လွှာလူနေတိုက်ခန်းတွင် ယနေ့ နံနက် ၁၁နာရီကျော်က ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ နေအိမ်ရှိဘုရားစင်၌ လျှပ်စစ်မီး ပူဇော်ထားရှိရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ရာ ယင်းမှတစ်ဆင့် ဘုရားစင်အောက်ရှိ အဝတ်အစားများထည့်ထားသော

သေတ္တာနှင့် အသုံးအဆောင်များ၊ လျှပ်စစ်မီးကြိုးသွယ်တန်းထားသော လျှပ်စစ်မိန်းခုံ တို့ကို ကူးစက်လောင်ကျွမ်းခဲ့သည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အိမ်ရှင်ဖြစ်သူ ဦးအောင်ကျော်ဝင်းအား ကျောက်တံတားမြို့မ ရဲစခန်း(ပ)၂၈၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.